ချိုလေးဇွန်

Friday, June 15, 2012

တယ်လီဖုန်းဖြင့် အင်တာနက်သုံးစွဲလိုသူများအတွက်

GSM/ WCDMA မိုဘိုင်းဖုန်းများအတွက် အင်တာနက်လိုင်း တပ်ဆင်မှုကို လွယ်ကူစွာ ဆောင်ရွက်နိုင်


GSM/WCDMA မိုဘိုင်းဖုန်းများအတွက် အင်တာနက်လိုင်း တပ်ဆင် အသုံးပြုမှုကို ကျပ် ၁၀၀၀၀ ပေးသွင်းကာ ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးရုံးများ၊ သက်ဆိုင်ရာ ကုမ္ပဏီများမှ ဖွင့်လှစ်ထားသော ဆိုင်များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဆက်သွယ်ရေး မန်နေဂျာရုံးများတွင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။


ရန်ကုန်မြို့တွင် GSM/ WCDMA မိုဘိုင်းဖုန်းများအတွက် အင်တာနက်လိုင်း တပ်ဆင်မှုများကို ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၊ အလုံဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင်ဆက်သွယ်ရေးရုံး၊ ရန်ကုန်စာတိုက်ကြီးနှင့် Elite ၊ ရတနာပုံတယ်လီပို့တို့မှ ဖွင့်လှစ်ထားသော ဆိုင်များတွင် ငွေကျပ် ၁၀၀၀၀ ပေးသွင်းကာ လျှောက်ထားနိုင်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး ဆက်သွယ်ရေး မန်နေဂျာရုံးများသို့ သွားရောက်ကာ ငွေကျပ် ၁၀၀၀၀ ပေးသွင်း၍ လျှောက်ထားနိုင်ပါသည်။ GSM/WCDMA Smart (Android) ဖုန်းများတွင် Internet အသုံးပြုနိုင်ရန် အတွက် (ဖုန်းထဲတွင် Setting ထည့်သွင်းခြင်း) ဆောင်ရွက်ရမည့် အချက်များကိုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စုံစမ်း သိရှိရသည်။

ဆောင်ရွက်ရမည့် အချက်များမှာ ...


(၁) Menu ထဲဝင်ပါ။


(၂) Setting ထဲဝင်ပါ။


(၃) Wireless and Networks ထဲဝင်ပါ။


(၄) Mobile Network ထဲဝင်ပါ။


(၅) Access Point Names ထဲဝင်ပါ။


(၆) New access Point Names ထဲဝင်ပြီး mptnet ရိုက်ထည့်ပါ။


ထို့ပြင် GSM/WCDMA Smart (Android) ဖုန်းများတွင် Internet အသုံးပြုရန် Data Port အား Activate ပြုလုပ်ရန် ဆောင်ရွက်ရမည့် အချက်များကိုလည်း အသိပေးထားသည်။ မိမိအသုံးပြုရမည့် ဖုန်းထဲတွင် အထက်ပါအတိုင်း Setting ဝင်ပြီးပါက ဖုန်း၏ Data Port ကို Activate ပြုလုပ်ရန် အောက်ပါအတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။


(၁) Menu ထဲ ဝင်ပါ။


(၂) Setting ထဲ ဝင်ပါ။


(၃) Wireless and Network ထဲဝင်ပါ။


(၄) Mobile Network ထဲ ဝင်ပါ။


(၅) Data enable (သို့) Use Packet data ကို Active ပြုလုပ်ပါ။


(၆) Telephone မျက်နှာပြင် ပေါ်၌ (E) သို့ (H) သို့ 3G ပေါ်လာမည်။


အထက်ပါ ဆောင်ရွက်ချက်များ၏ တစ်ဆင့်ချင်းစီ ပြုလုပ်ပြီးစီးပါက မိမိကြည့်လိုရာ website ကို ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်သည်။ လုပ်ဆောင်ချက်များ ဆောင်ရွက် ပြီးစီးခဲ့သော်လည်း အခက်အခဲ တစ်စုံတစ်ရာ ဖြစ်ပေါ်နေလျှင် ဖုန်း ၅၅၅၉၉၉ သို့ ဆက်သွယ် မေးမြန်းနိုင်ပြီး လူကိုယ်တိုင်အနေဖြင့် Mobile Care Centre ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး၊ အမှတ် ၇၄၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ သွားရောက် ဆက်သွယ်နိုင်ကြောင်း သိရသည်

မြန်အောင်မြို့ CDMA 450mhz တိုင် အား အသုံးပြုသူများပြား

ဧရာဝတီ တိုင်းဒေသကြီးမြန်အောင်မြို့နယ် ဆက်သွယ်ရေး ဝင်းအတွင်းရှိ CDMA 450mhz ထပ်ဆင့်လွှင့်
တိုင် မှာ အသုံးပြုသူများပြားသည်က တစ်ကြောင်း၊ ပင်မတိုင်မဟုတ်ပဲ ထပ်ဆင့်လွှင်တိုင်ဖြစ်နေသည်က တစ်ကြောင်းတို့ ကြောင့် မြန်အောင်မြို့သူမြို့သား ဖုန်းသုံးစွဲသူများမှာ အဆင်မပြေဖြစ်နေကြကြောင်း၊၎င်း
ကိစ္စအား ဆက်သွယ်ရေး ရှိ အော်တိုအိတ်ချိန်းတာဝန်ခံအား မြို့မိမြို့ဖများမှ တင်ပြထားသော်လည်း ဆက်
လက်တင်ပြခြင်းမရှိကြောင်း၊CDMA 450mhz တယ်လီဖုန်းသုံးစွဲသူဦးရေမှာ 2000 ခန့် အနည်းဆုံးရှိ
ကြောင်း၊ပင်မတိုင်လုပ်ပေးနိုင်ပါက လုပ်ပေးပါရန် တာဝန်ရှိသူများကို ပြောပေးကြပါရန် ဒီဘလော့ ရေးသား
သူမှ တိုက်တွန်းလိုက်ပါသည်။မြန်အောင်မြို့သူမြို့သားများအတွက် ဖြစ်ပါသည်။