Friday, July 6, 2012
Wednesday, July 4, 2012
လစ်လပ်လျက်ရှိနေသည့်
ဒုသမ္မတနေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ
အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား အစားထိုးခန့်အပ်မည့် ဖြစ်ကြောင်း
နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း၌ သတင်း များ ထွက်ပေါ်လျက်ရှိသည်။
လက်ရှိအချိန်တွင် ဒုတိယသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦး သည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် တာဝန်မှ အနားယူခွင့် ကို တောင်းခံထား သည် ဖြစ်ရာ အဆိုပါ လစ်လပ်နေရာအတွက် အစားထိုးခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော် က ဘုန်းကြီးကျောင်းတွေ ကို စည်ပင်က မီးရှို့

နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာကဖျက်မိန့် ပို့ထားပြီး၊ အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက် တယ်လို့ သတင်းရရှိပါတယ်။
ဘုန်းကြီးကျောင်းတကျောင်းကိုတော့ ငွေသိန်း (၄၀) ကျော်ပေးပြီး မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံဘုန်းတော်ကြီးတပါးက RFA ကိုမိန့်ပါတယ်။
ကျောင်းတွေဖျက်ပေးရမယ့်ကိစ္စကို မနက်ဖြန်နောက်ဆုံးထား အကြောင်းပြန်ရမယ်လို့ ညွှန်ကြားထားတဲ့ အကြောင်းကို ဥတ္တရသီရိမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။
ဖျက်ရမယ့်ညွှန်ကြားခံရတဲ့ကျောင်းတွေထဲမှာ ၅ ကျောင်းက လုံးဝ မရွှေ့ပေးနိုင်ဘူး ဆိုတဲ့အကြောင်း သိရသလို၊ ကျောင်း ၉ ကျောင်းက အကြောင်းမပြန်ဘူးလို့သိရပါတယ်။ ကျန်တဲ့ကျောင်းတွေကတော့ လုံလောက်တဲ့လျော်ကြေး ဒါမှမဟုတ် သင့်တော်တဲ့နေရာမှာ အစားထိုးပြန်ပေးမယ်ဆိုရင် ပြောင်းရွှေ့ပေးမယ့်သဘောထားရှိတယ်လို့သိရပါတယ်။
ဘုန်းကြီးကျောင်းတွေဖျက်ဖို့ညွှန်ကြားထားတဲ့ နေပြည်တော်စည်ပင်သာယာဌါနကတော့ ဘယ်လိုအစားထိုးဆောင်ရွက်ပေးမယ် ဆိုတဲ့ အစီအစဉ်သစ်နဲ့ပတ်သက်လို့ ဘုန်းတော်ကြီးတွေကို တိတိကျကျလျှောက်ထား ပန်ကြားတာမရှိသေးဘူးလို့သိရပါတယ်။

Tuesday, July 3, 2012
Monday, July 2, 2012
Sunday, July 1, 2012
Subscribe to:
Comments (Atom)