ချိုလေးဇွန်

Friday, August 30, 2013

ဟီရိ သြတ္တပ္ပ


       မြန်မာတို့သည် အရှက်အကြောက်ရှိသူများဖြစ်သည်။ အရှက်အကြောက်မရှိလျှင်မြန်မာမဟုတ်၊      မြန်မာဟူသောဝေါဟာရ
သည် ယခုအခါတိုင်းရင်းသားလူမျိုးနွယ်အားလုံးကိုကိုယ်စားပြုသည်။ သက္ကဓမ္မဟူသော ဖြူစင်ကြောင်းတရားဖြစ်သည့်   အရှက်နှင့်
အကြောက်တရားနှစ်ပါးသည် သူတော်ကောင်းတို့အတွက် အရှက်အကြောက်နှစ်ပါးမရှိလျှင် အသက်ရှိနေသေးသော်လည်းအသေ
ကောင်နှင့်မခြား အတူတူသာလျှင်ဖြစ်မည်။
       ရှင်မဟာရဋ္ဌသာရက ကိုးခန်းပျို့တွင်----
  - ဟီရိကျော့ငွေ၊ သြတ္တရွှေနှင့်
   - နှံ့မွေကြာမုံ၊ ခက်ရုံသန္တာသ
        - သီလပုလဲ၊ စွန့်ကြဲဒါန၊ စာဂမဏီ
       - ဗုဒ္ဓိ၀ရဇိန်၊ တောက်ထိန်ခုနှစ်ပါး
- ဥစ္စာများကို၊ သူ့အားဝေငှ
     - ဥာဏသူဋ္ဌေး၊ ဥာဏ်လှူပေး၍
                               - ကံကျွေးဝထ္တု၊ ဤကျမ်းပြုသည်ဟု ရေးသားခဲ့သည်။
- ဟီရိ(ရှက်ခြင်း) ကားငွေနှင့်တူ၏။
- သြတ္တပ္ပ(ကြောက်ခြင်း) ကားရွှေနှင့်တူ၏။
- သဒ္ဓါသည် မြ နှင့်တူ၏။
-  သီလသည် ပုလဲ နှင့်တူ၏။
- စာဂသည် ပတ္တမြား နှင့်တူ၏။
- ပညာသည် စိန် နှင့်တူ၏။
- သုတသည် သန္တာ နှင့်တူ၏။
 ထို့ကြောင့် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပတည်းဟူသောသူတော်ကောင်း ဥစ္စာခုနှစ်ပါးဖြစ်၍ ယင်းတို့နှင့်ပြည့်စုံပါ
က ခုနှစ်ပါးသောရတနာကိုဆင်မြန်းစရာမလို ၊ သူတော်ကောင်းဥစ္စာခုနှစ်ပါးကား ပို၍မြင့်မြတ်သည်။
     အရှက်တရား အကြောက်တရားရှိသောသူတို့သည် သီလကိုလုံခြုံအောင်စောင့်ထိန်းနိုင်သည်။ အရှက်အကြောက်တရားခေါင်း
ပါးသူတို့တွင်အကျင့်သီလသည်ကိန်းဝပ်နိုင်ခြင်းမရှိပါ။        ပူလောင်ပြင်းပြ မီးလျှံထနေသည့်ကုန်းမြေတွင် ဖြူဖွေးဝင်းလက်သော
ဆောင်းနှင်းရည်တစ်စက်သော်မှ မတည်လေသကဲ့သို့ အရှက်အကြောက်မရှိသူတို့ထံတွင် အကျင့်သီလသည်မတည်နိုင်ပါ။
·          ရစ်မသည် မိမိ၏အသက်ကိုစွန့်၍ ဥကိုစောင့်ရှောက်သကဲ့သို့လည်းကောင်း
·          စာမရီသားကောင်သည် မိမိအသက်ကိုစွန့်၍ မြီးဆံကိုစောင့်ရှောက်သကဲ့သို့လည်းကောင်း
·          သားတစ်ယောက်တည်းရှိသောမိခင်သည် တစ်ယောက်တည်းသောသားကိုစောင့်ရှောက်ယုယသကဲ့သို့လည်းကောင်း
·          မျက်စိတစ်ဖက်သာ အကောင်းရှိသောသူသည်     ထိုမျက်စိတစ်ဖက်ကိုအရေးတယူစောင့်ရှောက်သကဲ့သို့လည်းကောင်း
သူတော်ကောင်းတို့သည် မိမိစောင့်ထိန်းသော သီလကိုအသက်တမျှ တန်ဖိုးထားကာမြတ်နိုးစောင့်ရှောက်ကြသည်။
     ဟီရိ သြတ္တပ္ပ တရားနှစ်ပါးသည် နက်နဲသောတရားနှစ်ပါးဖြစ်သည်။ ဤတရားနှစ်ပါးသည် လောကကို စောင့်ရှောက်သောတရား
နှစ်ပါးဖြစ်သည်။ ဤတရားနှစ်ပါးသည် လောကကြီးကိုစောင့်ရှောက်သောသဘောရှိ၍ လောကပါလတရားနှစ်ပါးဟုလည်းခေါ်သည်။
လောကပါလတရားနှစ်ပါးကိုလက်ကိုင်ထားသူသည် နတ်တို့၌ဖြစ်အံ့သောငှာ    အကြောင်းရှိသူဖြစ်၍ ယင်းကိုဒေ၀ဓမ္မတရားဟုခေါ်
သည်။
    `ဟီရိ´ ဆိုသည်မှာအရှက်ရှိခြင်းဖြစ်သည်။ ကာယကံမြောက်မကောင်းမှုပြုရသည်ကိုရှက်ခြင်း၊      ၀စီကံမြောက်မကောင်းမှုပြုရ
သည်ကိုရှက်ခြင်း၊ မနောကံမြောက်မကောင်းမှုပြုရသည်ကိုရှက်ခြင်းဖြစ်သည်။ အရှက်ရှိသူတို့သည်  မကောင်းမှုကိုမစင်ကဲ့သို့စက်
ဆုပ်သည်။ အရှက်ရှိသူသည် စင်ကြယ်သောသဘောရှိသည်။ လူတစ်ယောက်၏ အတွင်းအဇ္ဈတ္တတွင်      ဟီရိတရား အရှက်တရား
ကိန်းအောင်းနေလျှင် မကောင်းမှုဒုစရိုက်အားလုံးကိုရွံ့ရှာစက်ဆုပ်သည်။
    `သြတ္တပ္ပ´ ဟူသည်ကြောက်ခြင်းဟုအဓိပ္ပါယ်ရသည်။ သြတ္တပ္ပ ၏အဓိပ္ပါယ်မှာ ကာယကံမြောက် မကောင်းမှုပြုသည်ကိုကြောက်
ခြင်း၊ ၀စီကံမြောက်မကောင်းမှုပြုသည်ကို ကြောက်ခြင်း၊ မနောကံမြောက်မကောင်းမှုပြုရသည်ကို ကြောက်ခြင်းဖြစ်သည်။ သြတ္တပ္ပ
သည် မကောင်းမှုပြုလုပ်ရန် ကြောက်ရွံ့ထိတ်လန့်သောလက္ခဏာရှိသည်။ အအေးဓါတ်ကို အလိုရှိသူသည် အပူကိုကြောက်သကဲ့
သို့ မကောင်းမှုဒုစရိုက်ကိုကြောက်သည်။
     လောကတွင် အရှက်တရားကိုဖြစ်စေသော အကြောင်းတရားလေးပါးရှိသည်။ ယင်းတရားလေးပါးမှာ---
·          မိမိ၏ အမျိုးဇာတိကို ဆင်ခြင်၍ရှက်ခြင်း။
·          မိမိ၏ အရွယ်ကိုဆင်ခြင်၍ ရှက်ခြင်း။
·          မိမိ၏ ရဲရင့်မှုကိုဆင်ခြင်၍ရှက်ခြင်း။
·          မိမိ၏ ဗဟုသုတအကြားအမြင်ကို ဆင်ခြင်၍ ရှက်ခြင်းတို့ဖြစ်သည်။
      အရှက်အကြောက်တရားနှစ်ပါးကိုလိုက်နာကျင့်သုံးရာတွင် ရခိုင်ဘုရင်မင်းထီးသည် မြန်မာ့သမိုင်းတွင် စံပြဖြစ်သည်။ နန်းတော်
ထဲတွင် မူးမတ်များကကွမ်းစားပြီးပါက လက်ညှိုးတွင်ကပ်နေသော    ထုံးကိုအမှတ်မထင် နန်းတော်တိုင်များကိုသုတ်လေ့ရှိရာဘုရင်
မင်းထီးက နန်းတော်တိုင်ကို ထုံးတို့မိပါက လက်ချောင်းအဖြတ်ခံရမည်ဟုအမိန့်ထုတ်သည်။   တစ်နေ့တွင်ဘုရင်မင်းထီင်္းသည် သူ
ကိုယ်တိုင်အမှတ်မထင် နန်းတော်တိုင်အား ထုံးသုတ်မိလေရာ သူ့လက်ကိုသူကိုယ်တိုင်ဖြတ်သည်။    လောင်းကြက်မြို့အနီးနန်းကျ
အရပ်တွင်ရုပ်ထုသည် ဘုရင်မင်းထီး၏မြင့်မြတ်သော အပြုအမူအတွက် ထားရှိသော    အထိမ်းအမှတ်ပင်ဖြစ်နိုင်ကြောင်း ဆရာကြီး
ဦးဖိုးကြားကဆိုသည်။
     မြန်မာလူမျိုးတို့၏ကွမ်းစားသော ဓလေ့စရိုက်သည် ရှေးယခင်ကတည်းကရှိခဲ့သည်ကိုတွေ့ရှိရသည်။ ယခုကာလဆယ်စုနှစ်အ
တွင်း ကွမ်းစားခြင်းမှာ လူကြီး၊ လူလတ်၊ လူငယ်များတွင်ခေတ်စားနေသည်။ လူတစ်ရာရှိပါက ခုနှစ်ဆယ်လောက်ကွမ်းစားကြသည်။
ကွမ်းစားခြင်းနှင့် ပတ်သက်၍လည်း ရုပ်မြင်သံကြား၊ သတင်းစာ၊      ဂျာနယ်များတွင် ကျယ်ကျယ်ပြန့်ပြန့်အသိပေးနေပြီဖြစ်သည်။
စာရေးသူတို့နေ့စဉ်သွားလာနေသော ဋ္ဌာနများတွင်ကွမ်းတံတွေး မထွေးရဆိုင်းဘုတ်များ၊ ကွမ်းတံတွေးထွေးရန်   သံပုံးများကိုတွေ့
နေရသည်။ အခြေခံကျောင်းများတွင်လည်းကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ    ကျောင်းအတွင်းသို့ယူဆောင်လာခြင်းမပြုရဆိုပြီး
ဆိုင်းဘုတ်များချိတ်ထားသည်ကိုတွေ့နေရသည်။
    စာရေးသူတို့နိုင်ငံတွင် တစ်ချို့ဋ္ဌာန ၊ ကုမ္ပဏီ၊ စက်ရုံစသည်တို့မှ အကြီးအကဲများကိုယ်တိုင်ကွမ်းစားခြင်း ဆေးလိပ်သောက်ခြင်း
များကို မိမိတို့တာဝန်ထမ်းဆောင်သောနေရာ၌ပင်ပြုလုပ်နေကြသည်ကိုတွေ့နေမြင်နေရသည်။ ကောင်းမွန်သောလက္ခဏာမဟုတ်
ပါ။ ရှက်ခြင်း၊ ကြောက်ခြင်းတည်းဟူသောလောကပါလတရားနှစ်ပါးကို အုပ်စိုးသူ၊ ခေါင်းဆောင်သူ၊ အသက်အရွယ်ကြီးရင့်သူတို့က
ပို၍လိုက်နာသင့်သည်။ စည်းကမ်းများထုတ်ပြန်ထားခြင်းသည်လိုက်နာရန်ဖြစ်သည်။   ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်းကိုနမူ
နာအဖြစ်တင်ပြခြင်းဖြစ်ပါသည်။ ကျန်ရှိသော    စောင့်ထိန်းသင့်သည့်စည်းကမ်းများကိုလည်းစောင့်ထိန်းရန်လိုအပ်ပါသေးသည်။ အ
သက်အရွယ်ကြီးရင့်သူများက လိုက်နာပါမှ        မိမိထက်ငယ်သောအခြားသူများကိုလိုက်နာစေရင်းလက်ဆင့်ကမ်းရမည်ဖြစ်သည်။
လောကပါလ တရားနှစ်ပါး လူ့လောကတွင်လျော့ရဲပါက ထိုလူ့အဖွဲ့အစည်း ၊   ထိုနိုင်ငံသည် တိုးတက်ဖို့နေနေသာသာ ပျက်သုဉ်း
ဖို့ပင်ရှိပါကြောင်းတင်ပြရေးသားလိုက်ရပါသည်။

နေ၀င်းဇော်(မြန်အောင်)

ကလေးနှင့်လူငယ်


ကလေးနှင့်လူငယ်ဆိုပြီး ခေါင်းစဉ်လေးပေးထားမိတဲ့အတွက် ကလေးအကြောင်းကစပြီးပြောပြပါမည်။ ငယ်ငယ်တုန်းကရွတ်ခဲ့ရသောကဗျာလေး
ကျွန်တော်အမှတ်ရနေမိသည်။ ကလေးများကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများသို့သွားလျှင်ဘုန်းတော်ကြီးက ဆူတတ်မာန်တတ်ပုံကိုက
ဗျာလေးဖြင့် သရုပ်ဖော်ထားသည်။ ကဗျာလေးက
ဆွမ်းအုပ်နီနီ၊ အမေရွက်လို့
နက်ဖြန်မနက်ကျောင်းတက်မယ်။
မောင်လည်းလိုက်မယ်၊ ချန်မထားနဲ့
အမေသွားတော့ပျင်းလှတယ်။
ကျောင်းကြီးပေါ်မှာမောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့ရိုက်လိမ့်မယ် တဲ့ ကဗျာကဒီလိုဖွဲ့ထားပါသည်။ မိဘက မိမိကိုးကွယ်ယုံကြည်သည့်ဘာသာကိုရင်သွေးလေးများကိုနမူနာပြသင်
ကြားပေးသည်။ ဘုန်းတော်ကြီးက ဆော့ရင်ရိုက်လိမ့်မယ်လို့ဆိုထားသည်။ ကလေးများကလည်းဘုန်းတော်ကြီး ကြောက်ကြသည်။     ဒါကြောင့်
ဘုန်းတော်ကြီးကျောင်းက ရင်သွေးငယ်လေးများကိုတားဆီးသလိုဖြစ်နေသည်။ ကျွန်တော်တို့ဘုန်းတော်ကြီးများသည် ကလေးများကိုအရေးတယူ
မရှိသည်ကိုငယ်စဉ်အခါကတွေ့ရပါသည်။ ဒါကဘာသာတရား၏ ကလေးတွေအပေါ်ထားရှိသည့် အခြေအနေဖြစ်သည်။     ကလေးများအရွယ်က
လေးရလာတော့ ဘုန်းတော်ကြီးကျောင်းကိုသွားဖို့ဝန်လေးလာသည်။ ကျေးလက်မှာတော့ ဘုန်းတော်ကြီးကျောင်းသို့သွားရမှာကိုဝန်မလေးသော်
လည်း မြို့ပြဆန်သောနေရာမှကလေးများကတော့ ဘုန်းတော်ကြီးကျောင်းများနှင့်တော်တော်ဝေးလာပါသည်။
ငယ်စဉ်မူလတန်းအရွယ်မှာ ဆရာဆရာမများကိုကြောက်ကြရသည်။ ဆရာများက ပြောသည်များကိုအားလုံးမှန်သည်ဟုမှတ်ကြသည်။ ဆရာတစ်
ယောက်က အမှားသင်ပေးလိုက်ပါမည်ဆိုလျှင် အဲဒီကလေးမစဉ်းစားမဆင်ချဉ်နိုင်သရွေ့ တောက်လျှောက်မှတ်သွားမည်။ ယခုခေတ်မှာတော့က
လေးဗဟိုပြုသင်ကြားရေးကိုဆောင်ရွက်နေပါပြီ။ တိုးတက်ကောင်းမွန်လာသည့် စနစ်ဖြစ်လာသည်ဟုလက်ခံယုံကြည်ပါသည်။
အတွေ့အကြုံလေးတစ်ခုမှတ်မိနေသေးသည်။         ကျွန်တော့်တူတစ်ယောက် ဒုတိယတန်းအောင်စာရင်းထွက်တော့အောင်စာရင်းကိုတူအရီးနှစ်
ယောက်သွားကြည့်ဖြစ်သည်။         ကျောင်းကအောင်စာရင်းကပ်ထားတဲ့နေရာကိုရောက်တော့ ဒုတိယတန်းအောင်စာရင်းကိုရှာပြီးဖတ်ကြသည်။
ကလေးကအောင်သည်။ ပဉ္စမအဆင့်ဖြင့်အောင်သည်။ သားမင်းအောင်တယ်ကွ၊ပဉ္စမရတယ်လို့ပြောတော့ ကလေးက ပဉ္စမဆိုတာဘာလဲလို့ပြန်
မေးသည်။ ကျွန်တော်ခေါင်းနပန်းကြီးသွားသည်။ ဒုတိယတန်းကို အဆင့်(၅)ဖြင့်အောင်သည့်ကလေးတစ်ယောက်က   ပဉ္စမဆိုတာမသိဘူးဖြစ်နေ
သည်။ ဒါဆို အဆင့်(၆) ကနေပြီးအောက်ဆုံးအဆင့်ရောက်နေသောကလေးများဘယ်လိုနေမည်လည်းကျွန်တော်စဉ်းစားကြည့်မိသည်။ ကျွန်တော်
သက်ပြင်းကိုသာအခါခါချနေမိပါသည်။
ဒီလိုနဲ့ကလေးများအရွယ်ရောက်လာပြီး လူငယ်တွေဖြစ်လာမည်။ လူကြီးတွေလုပ်ဆောင်နေသောစကားဝိုင်းများ၊ အစည်းအဝေးများ၊ တွေ့ဆုံပွဲ
များတွင်လူငယ်များကိုနေရာပေးဆွေးနွေးသောအလေ့အထမှာ ကျွန်တော်တို့နိုင်ငံတွင်အင်မတန်နည်းသည်။ လူကြီးများက မိမိတို့သည်အတွေ့
အကြုံအရရော အသက်အရွယ်အရွယ်အရရောဘာမှပြောစရာမရှိ။လူငယ်များမှာ အတွေ့အကြုံ ဗဟုသုတနည်း၍ အမှားလုပ်မိမည်ကိုစိုး၍အရာ
မသွင်းခြင်းဖြစ်သည်။ လူငယ်များကို မယုံရဲသဖြင့် တာဝန်မပေးရဲကြပါ။
ဒါပေမဲ့လူငယ်တို့မှာ အားမာန်စွမ်းအားအပြည့်ရှိသည်။ စဉ်းစားဆင်ချင်နိုင်သည့်အတွေးအခေါ်အတွေ့အကြုံတို့သာနည်းခြင်းဖြစ်သည်။    သေ
ချာစွာလေ့ကျင့်ပျိုးထောင်ပေးပါက စွမ်းအားများပြည့်လာပြီးလုပ်နိုင်ကိုင်နိုင်သောလူငယ်များဖြစ်လာမည်။ လူကြီးများဆိုသည်မှာ  အသက်အရွယ်
ကြီးလာသည်နှင့်အမျှ စွမ်းအားများကျလာသည်။ စာဖတ်ဖို့ စာရေးဖို့ကိုတောင်အနားယူပြီးမှလုပ်နေကြရသည်။ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့
ပါ။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လူငယ်တွေရဲ့အားအများကြီးလိုအပ်ပါသည်။
လူငယ်များသည် နောင်တစ်ချိန်တွင်မဖြစ်မနေ တိုင်းပြည်တာဝန်ကိုပခုံးပြောင်းတာဝန်ယူကြရမည်ဖြစ်သည်။ ယနေ့ခေတ်သည် Multimedia
ခေတ်ကြီးဖြစ်သည်နှင့်အညီ ကျွန်တော်တို့နိုင်ငံရဲ့လူငယ်အများစုဟာ Media လောကမှာပေါ်ပျူလာဖြစ်ချင်၊ နေရာရချင်လာကြသည်။ ခေတ်
၏ရေစီးကြောင်းနှင့်အတူ မင်းသားမင်းသမီးဖြစ်ချင်သူ ၊ အဆိုတော်ဖြစ်ချင်သူ လူငယ်လူရွယ်တွေနေရာအနှံ့လက်ညှိုးထိုးမလွဲပါ။ ဒါတွေကိုမ
ကောင်းဘူးလို့မဆိုလိုပါဘူး။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စာပေ၊ဂီတ၊အနုပညာနယ်ပယ်စုံဖွံ့ဖြိုးတိုးတက်ဖို့အထူးလိုအပ်ပါတယ်။အ
ထူးသဖြင့်နိုင်ငံရဲ့အသိပညာရင်းမြစ် (Knowledge Resource) ဖြစ်တဲ့စာပေလုပ်ငန်းဟာ အထူးဖွံ့ဖြိုးတိုးတက်ဖို့လိုသလိုနယ်ပယ်အသီးသီးမှာ
လူငယ်အများစုဟာ ထူးချွန်ထက်မြက်ဖို့အမှန်တကယ်လိုအပ်နေပါသည်။
ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့်ပါတီများတွင်လူငယ်များပါဝင်မှုအားနည်းနေသည်ကိုတွေ့ရပါသည်။ လူငယ်
များပါဝင်မှုအားနည်းရခြင်းမှာ----------
၁။ လူငယ်များသည် မည်သည့်ကိစ္စမဆိုခဏတာသာစိတ်ဝင်စားတတ်ပြီး ရေရှည်အတွက်စိတ်ဝင်စားမှုအားနည်းခြင်း။
၂။ နည်းပညာနောက်သို့လိုက်ပြီး Internet/ Facebook/ Gtalk & Game များတွင်သာအချိန်ကိုအသုံးချနေခြင်း။
၃။ လူကြီးများက လူငယ်များကိုအရေးတယူလုပ်၍တွဲမခေါ်ခြင်း။
၎။ မကောင်းမှုများတွင်သာပျော်မွေ့တတ်ပြီး ကောင်းသောအလုပ်များတွင်စိတ်ပါဝင်စားမှုအားနည်းခြင်း။
၅။ စာပေလေ့လာဖတ်ရှုမှုအားနည်းခြင်း။
စသည့်အချက်များကြောင့်ဖြစ်သည်ဟုလေ့လာသုံးသပ်မိပါသည်။ အထက်ပါအချက်အားလုံးကို လူငယ်တိုင်းဖြစ်နေသည်မဟုတ်ပါ။ အချို့သော
လူငယ်များတွင်သာဖြစ်နေသည်ကို ထောက်ပြခြင်းဖြစ်ပါသည်။
မြို့ပြကလူငယ်များနှင့် နယ်ကလူငယ်များသည်ယခင်ခေတ်နှင့် ယနေ့နည်းပညာတိုးတက်နေသောခေတ်တွင်လည်း အရည်အချင်းများကွာဟ
နေသည်ကိုတွေ့ရှိရပါသည်။ နယ်မှလူငယ်များသည် ကလေးဘ၀တွင်တက်ခဲ့ရသောကျောင်း၊ လက်ခံသင်ယူခဲ့ရသောအခြေအနေ၊ လူနေမှုအ
ဆင့်အတန်းတို့သည် မြို့ပြနေလူငယ်များနှင့် ယနေ့အထိများစွာကွာဟနေသည်ကိုတွေ့နေရပါသေးသည်။  နယ်ကလူငယ်များ (၁၀၀)ဦးတွင်
ထူးချွန်ထက်မြက်သူမှာ (၁၀)ဦးခန့်သာရှိသော်လည်း မြို့ပြတွင်နေသောလူငယ်(၁၀၀) ဦးတွင် ထူးချွန်ထက်မြက်သူမှာ (၅၀)ဦးခန့်ရှိနေသည်
မှာ မြို့ပြနှင့်နယ်ရှိလူငယ်များ၏ကွာဟချက်ဖြစ်သည်။
နယ်ဟုဆိုရာတွင်လည်း နယ်မြို့တွင်နေသောလူငယ်နှင့် ကျေးလက်တွင်နေသောလူငယ်များလည်း ကွာဟချက်များရှိနေပါသည်။ နိုင်ငံတော်က
တောရောမြို့ပါ တစ်ပြေးညီပညာရေးစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း ကွာဟမြဲအတိုင်းကွာဟနေပါသည်။ ဒါဆိုရင်မြို့
ပြတွင်သာမက နယ်များတွင်ပါ ပညာဗဟုသုတနှင့်ပြည့်စုံသူများကမိမိတို့တတ်သိထားသည်များကိုပြန်လည်မျှဝေရင်း   မိမိတို့နိုင်ငံတော်ကြီးဖွံ့
ဖြိုးတိုးတက်ဖို့ တတ်နိုင်သည့်ဖက်မှ တစ်ဖက်တစ်လမ်းတာဝန်ယူလုပ်ဆောင်ပေးကြစေလိုပါသည်။
ကလေးဘ၀ကတည်းက မိဘကအနာဂတ်အတွက်လူကောင်းလူတော်များဖြစ်အောင်ပြုစုပျိုးထောင်ဖို့တာဝန်ရှိသလိုဘာသာရေးခေါင်းဆောင်များ
ကလည်း မိမိတို့ယုံကြည်ကိုးကွယ်ရာဘာသာတရားကို ကလေးနှင့်လူငယ်များစိတ်ပါဝင်စားလာစေရန်တာဝန်ရှိပါတယ်။ဆရာဆရာမများကလည်း
ကလေးတွေကိုဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေဖို့တာဝန်ရှိသလို နယ်ပယ်အသီးသီးမှာတာဝန်ခံနေကြတဲ့လူကြီးများကလည်း    လူငယ်များကို
လက်တွဲခေါ်ဖို့ မိမိတိုကသိထားတာတွေကိုပြန်လည်မျှဝေဖို့လည်းလိုအပ်ပါတယ်။ မိမိတို့နေထိုင်ရာ အမိမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးဖွံ့ဖြိုးတိုး
တက်ဖို့ယနေ့ခေတ်မှာ လူကြီးနှင့်လူငယ်လက်တွဲဆောင်ရွက်ဖို့လိုအပ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

နေ၀င်းဇော်(မြန်အောင်)