မဆလ ခေတ် ၀န်ထမ်း
လစာက တော်တော်နည်းတယ်
ဒါပေမဲ့လောက်ငှတယ်
လာဘ် စားရင်နည်းတယ်
ပေးတာကို ပဲယူတယ်
တောင်းမစားဘူး
ကားစီးဖို့မပြောနဲ့ TV တောင်ဝယ်မကြည့်ရဲဘူး
ကားစီးရင် စစ်တယ်
ဆိုင်ကယ်စီးရင်စစ်တယ်
ပြီးရင် အရေးယူတယ်
ခေတ်က မကောင်းဘူး
ပြည်သူတွေ မျက်စိပိတ် နားပိတ်တယ်
ဒါပေမဲ့ ၀န်ထမ်းက ပြည်သူကို မနှိပ်စက်ဘူး
ကုန်သွယ်လယ်ယာက လွဲရင်ပေါ့
န၀တ နယက ခေတ်ဝန်ထမ်း
လစာတွေ တိုးရလာတယ်
အခြေအနေက ပေးမှုလုပ်ပေးတဲ့ခေတ်
ပထမဆုံး ဆိုင်ကယ်တွေစီးလာတယ်
နောက် မြို့နယ်အဆင့်က လူတွေတောင်ကားဝယ်စီးလာတယ်
အရေးမယူဘူး
စစ်ဆေးတာတို့ဘာတို့မလုပ်ဘူး
ပြည်သူတွေကို ၀န်ထမ်းက နှိပ်စက်မှုတွေများလာတယ်
ပြည်သူပိုင်တဲ့ ပစ္စည်းကို သူတို့ပိုင်သလိုလိုလုပ်လာတယ်
သူတို့မျက်နှာကို ပြည်သူက ကြည့်နေရတယ်
ဒါပေမဲ့ တောင်သူတွေအတွက် ကောင်းသွားတယ်
စပါးဈေးတွေ ကောင်းလာတယ်
တစ်သက်လုံး မွဲလာတဲ့ လယ်သမား
တောက်ပြောင်လာတယ်
အိမ်ကိုသွပ်မိုးလာနိုင်တယ်
ဆိုင်ကယ် စီးလာနိုင်တယ်
ယခုအစိုးရ ခေတ်
ဝန်ထမ်းတွေက န၀တ နယက တုံးကလို
လုပ်စားနေကြတုံးဖြစ်နေတယ်
ဒီမို ကရေစီ အစိုးရတဲ့
အပေါ်မှာတော့လုပ်ပြနေတယ်
အောက်က၀န်ထမ်းက ဒီအတိုင်းပဲ
တောင်းတယ်
တောင်းမရရင် လုပ်ပိုင်ခွင့်ထဲက လှော်တယ်
ပြည်သူ ကကြောက်နေရတယ်
ဖြေလျှော့မှုတွေ တော့ပေးတယ်
ဒါပေမဲ့ ရင်ခုန်လောက်အောင်မဟုတ်ဘူး
ဒီအတိုင်းဆက်သွားရင်
ပြည်သူတွေ နစ်နာနေဦးမှာပဲ
ဝန်ထမ်းပဲ ကားစီးနိုင်တယ်
ဖုန်းကိုင်နိုင်တယ်
နေ့တိုင်း စားသောက်ဆိုင်မှာ စားနိုင်တယ်
မြို့နယ်အဆင့် အရာရှိတစ်ယောက်က
လစာရရင် တစ်သိန်းကျော်ပေါ့
ဒါပေမဲ့ သုံးနေတာက တစ်ချို့ဆို ဆယ်ဂဏန်း
ဘာဖြစ်လို့မှန်းတော့မသိဘူး
သူတို့ကို အစိုးရက အရာရှိဆိုပြီး ထောက်ပံ့ထားသလားတောင်ထင်ရတယ်
မကောင်းတာတွေကတော့ အများကြီးပါ ဒီလောက်ပဲ တင်ဆက်လိုက်ပါရစေ။
ပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ......................
Thursday, July 19, 2012
Wednesday, July 18, 2012
အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုလိုက်ကြစို့
အာဇာနည်ခေါင်းဆောင်ကြီးများအားဂုဏ်ပြုကြပါစို့
၆၅နှစ်မြောက် အာဇာနည်နေ့အား တစ်နိုင်ငံလုံးရှိလူထုကြီးမှ ဂုဏ်ပြု ရင်း ဖခင်ဗိုလ်ချုပ်ရဲ့
ဆုံးမစကားများကို အမိန့်အဖြစ် နာခံရင်း မြန်မာပြည်ကြီးကို တိုးတက်ကောင်းမွန်အောင်
ဆောင်ရွက်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ။
Tuesday, July 17, 2012
လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ
လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်
Sunday, July 08, 2012
၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)
၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)
၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)
၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)
၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)
၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)
၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)
၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)
၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)
အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။ လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)
၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)
ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ.....
Subscribe to:
Comments (Atom)
