ချိုလေးဇွန်

Wednesday, July 11, 2012

ကတ်ပြားနဲ့ ငွေသွင်းငွေထုတ်လုပ်နိုင်

မြန်မာနိုင်ငံမှာ ကတ်ပြားနဲ့ ငွေသွင်း ငွေထုတ်နိုင်တော့မယ်

2012-07-10
မြန်မာနိုင်ငံမှာ ငွေသွင်းငွေထုတ်နဲ့ ဈေးဝယ်လို့ရတဲ့ MPU ကတ်တွေကို လာမယ့် သြဂုတ်လအတွင်း စတင်အသုံးပြုတော့မှာ ဖြစ်တယ်လို့ စီစဉ်သူ ဘဏ်အရာရှိတွေက ပြောပါတယ်။
RFA
ဧရာဝတီဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဇော်
ပြည်တွင်းက MPU ခေါ် မြန်မာနိုင်ငံဘဏ်များ အသင်းဝင် ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်ရဲ့ ATM ငွေသွင်း ငွေထုတ်စက်တွေမှာ အပြင် ကုန်တိုက်တွေမှာပါ အဲဒီကတ်ကို အသုံးပြုလို့ ရမှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံတကာအထိ သုံးစွဲလို့ရအောင် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဧရာဝတီဘဏ်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဇော်က RFA ကိုပြောပါတယ်။
"ဘယ် ATM မှာမဆို၊ ဘယ်ဘဏ်ကထုတ်တဲ့ ကတ်ပြားနဲ့ ဘယ်ဘဏ်ရဲ့ ATM မှာမဆို ငွေအထုတ်အသွင်း လုပ်လို့ရမယ်။ ဒီကတ်ပြားကို အပြင်မှာ သုံးစွဲခွင့်နဲ့ ကျွန်တော်တို့ရဲ့ ကတ်ပြားကိုပဲ တခြားနိုင်ငံမှာ ရောက်တဲ့ အချိန် သုံးလို့ရအောင် အဲတာတခုပေါ့"
ဒီ MPU ကတ်စနစ်ကို ပထမအဆင့်အနေနဲ့ ဘဏ် (၈) ခုမှာ စတင်စမ်းသပ် အသုံးပြုနေပြီလို့ သိရပါတယ်။ MPU ကတ် အသုံးပြုလိုသူတွေအနေနဲ့ သက်ဆိုင်ရာဘဏ်မှာ ငွေစာရင်း သွားရောက်ဖွင့်လှစ်ပြီး ကတ်ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
MPU ကတ်ဟာ Visa, Master တို့လို အကြွေးဝယ် Credit ကတ် မဟုတ်သလို နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Check Card သဘောသာ ဖြစ်ပြီး မိမိငွေစာရင်းထဲမှာ ရှိသလောက် ထုတ်ယူ သုံးစွဲနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ MPU ကတ်လို ငွေသွင်း ငွေထုတ်နဲ့ ဈေးဝယ်လို့ ရနိုင်တဲ့ Credit ကတ်တွေကို ၂၀၀၂ ခုနှစ်လောက်က ပုဂ္ဂလိကဘဏ်တွေ စတင် ထုတ်ပေးခဲ့ဖူးပေမယ့် အောင်မြင်မှု မရဘဲ နှစ်အနည်းငယ် အကြာမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။

Tuesday, July 10, 2012

ဒုတိယ သမ္မတ နေရာ အစားထိုးပြီ

လစ်လပ်သွားသည့် ဒုတိယ သမ္မတ သီဟသူရတင်အောင်မြင့်ဦး နေရာသို့ အစားထိုးရန်အတွက် တပ်မတော်သား ကိုယ်စားလှယ်များက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို စာရင်းတင်သွင်းလိုက်ပြီဖြစ်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တစ်ဦးက အတည်ပြုပြောကြားလိုက်သည်။

"တိုင်းပြည်အတွက် အများကြီးအလုပ်လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် အများပြည်သူအတွက် အများကြီးအားကိုးရမယ်လို့ ယူဆတဲ့အတွက် သူ့ကိုစာရင်းတင်သွင်းတာပါ" ဟု အထက်ပါ ဗိုလ်မှူးချုပ်က မီဒီယာများသို့ မိနစ်ပိုင်းအတွင်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

နာမည်စာရင်းတင်သွင်းရမည့်ရက်သည့် ယနေ့နောက်ဆုံးနေ့ဖြစ်သည့်အတွက် တပ်မတော်သားကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော် နာယကထံ နာမည်စာရင်းပေးပို့ ထားပြီးဖြစ်နိုင်သည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ် အများစုက ယူဆနေကြသည်။

ယခင်ဒုတိယ သမ္မတနေရာတွင်  ဦးဌေးဦး၊ဦးတင်အေး၊ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း၊ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့၏အမည်များ ခန့်မှန်းသတင်းများထွက်ပေါ်ခဲ့သော်လည်းဇူလိုင် ၉ ရက်က စတင်ကာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေဖြစ်ကြောင်း သတင်းများထွက်လာခဲ့ပြန်သည်။

ဦးမြင့်ဆွေသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး တပ်မတော် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့၏ အကြီးအကဲအဖြစ်လဲ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။