ချိုလေးဇွန်

Friday, June 22, 2012

ရင်ခုန်သံ


 ရင်ခုန်သ

-ရင်ခုန်သံကို နားထောင်တဲ့ဆရာဝန်က
မင်းနှလုံးကတော်တော်ကောင်းတယ်
နောက်ထပ်အများကြီး ခုန်နိုင်သေးတယ်တဲ့

-ရင်ခုန်သံကို နားထောင်ကြည့်တဲ့ အမေက
ငါ့သားရယ် မင်းနှလုံးခုန်တာ
အမေ့နားထဲမှာတော့
အမေ့ကို ချစ်တယ်လို့ ပြောနေသလိုပဲတဲ့

-ရင်ခုန်သံကို နားထောင်ကြည့်တဲ့ သယ်ရင်းကောင်မလေးက
နင့်နှလုံးခုန်သံက
ငါ့နားထဲမှာတော့
မူမမှန်ဘူးတဲ့   

-ရင်ခုန်သံကို နားထောင်ရင်း
အသက်က ကြီးမှန်းမသိကြီးလာတော့
ECG စက်က ထွက်လာတဲ့ အဖြေက မင်းသိပ်ကြာကြာမနေရတော့ဘူးတဲ့။                      ။

Wednesday, June 20, 2012

ဖုန်းနဲ့အင်တာနက်သုံးစွဲလိုသူများအတွက်

တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service

Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်
နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။ ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။


သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Tuesday, June 19, 2012

နိဗ္ဗာန်

Photo
မရှိတဲ့ ဘဝ တော်တော်ဆိုးတယ်။ ရှိပြန်တော့လည်း ပူရပြန်ရော။ နိဗ္ဗာန်ကိုရောက်သွားရင်ပူစရာ မလိုတော့
ဘူးပေါ့ဗျာ။       ။
အလွယ်ကူဆုံး ဝိတ်ချနည်းများ
By MC Shine Aung in ကျန်းမာရေးအသိပညာပြန့်ပွားရေးအဖ
ွဲ့ · Edit Doc

ခန္ဓာကိုယ်အလေးချိန်ကျစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကောင်းတာကြောင
့် အဆီတွေကို လောင်ကျွမ်းစေနိုင်ကာ ခန္ဓာကိုယ်အလေးအချိန်ကို ထိန်းရာရောက်စေပါတယ်။ ခန္ဓာကိုယ်အတွက် ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဘဝနေထိုင်မှုပုံစံ လိုအပ်ပါတယ်။ ကျန်းမာတဲ့ဘဝနေထိုင်မှုဖြစ်ဖို့ လေ့လာကြည့်ပါ။

ကောင်းမွန်သော နံနက်စာ




မနက်စာစားဖို့ပြောတာက လွယ်ပါတယ်။ မစားမိတာက ပြဿနာပါ။ မနက်စာထဲမှာ


ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတာကို စားသုံးပေးတာကြောင့်


နောက်ထပ်တစ်နပ်စားသုံးဖို့ကို အရမ်းကြီး မစားမိအောင်


အစားထိန်းသိမ်းမှုအကျင့်ကို ရစေတဲ့အပြင် သင့်ဦးနှောက်ကိုလည်း


စွမ်းအင်ရရှိစေပါတယ်။ မနက်စာထဲမှာ အဆီထုတ်ထားတဲ့နို့ ရှစ်အောင်စနဲ့


သစ်သီးတချို့ကို ပါဝင်အောင် နေ့စဉ်မှီဝဲပေးတာကြောင့် သင့်ခန္ဓာကိုယ်အတွက်


ကောင်းမွန်တဲ့ အာဟာရကိုဖြစ်စေပါတယ်။


လေ့ကျင့်မှု




တစ်နေ့ကို မိနစ် ၃၀လောက် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ။ လမ်းလျှောက်တာ၊


စက်ဘီးစီးတာ၊ ကခုန်တာ၊ ကြိုးခုန်တာတွေလို လေ့ကျင့်မှုမျိုးကို


ပြုလုပ်ပေးတာကြောင့် ခန္ဓာကိုယ်ကိုတက်ကြွလန်းဆန်းနေစေ
ပါတယ်။ ကိုယ်အလေးချိန်

ကျချင်တာကြောင့် အချိန်ကြာကြာကြီးလေ့ကျင့်ခန်းတေ
ွ မလုပ်ပါနဲ့။

လေ့ကျင့်ခန်းကို မိနစ် ၉၀လောက်ပြုလုပ်ပေးရင်လည်း


အလွန်အကျွံဖြစ်သွားစေတာကြောင့် သင်ဟာခန္ဓာကိုယ်အလေးချိန်ကျအောင်


လေ့ကျင့်ခန်းနဲ့ ချနေသူဆိုရင် လိုအပ်တဲ့လေ့ကျင့်ချိန်ပမာဏကို


သင့်ကျန်းမာရေးစံနှုန်းနဲ့တိုင်း
တာဖို့ လေ့ကျင့်ရေးနည်းပြဆရာနဲ့တိုင်ပင်ပါ။

နည်းနည်းစားပါ




နေ့လယ်စာကို အဝစားထားလိုက်မယ် ဒါမှနောက်ထပ်ဗိုက်မဆာတော့မှာလို


မတွေးပါနဲ့။ အစာကို နည်းနည်းနဲ့ မကြာခဏစားပေးတာဟာ


ခန္ဓာကိုယ်လုပ်ဆောင်ချက်နဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အစားအစာနဲ့


မုန့်ပဲသရေစာကို မျှတအောင်စားပေးတာကြောင့် ခန္ဓာကိုယ်တွင်းသကြားဓာတ်ကို


ထိန်းချုပ်နိုင်ပါတယ်။


ကြွက်သားလေ့ကျင့်ခန်းလုပ်ပါ




ကြွက်သားတွေသန်မာစေဖို့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးဖ
ို့လိုပါတယ်။

အလေးမလေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးပါ။ အမေရိကန်မှ


ဆီးချိုသွေးချိုဆိုင်ရာ လေ့လာသူတွေက


တစ်ပတ်ကိုသုံးကြိမ်အလေးမလေ့ကျင်
့ခန်းပြုလုပ်ပေးတာကြောင့် ခန္ဓာကိုယ်မှာ

အင်ဆူလင်ဆင့် ကိုတိုးစေပြီး ခုခံအားလည်းတက်စေတယ်လို့ ဆိုပါတယ်။


ကယ်လိုရီကို လျှော့ပါ




ခန္ဓာကိုယ်အလေးချိန်ချနေချိန်မှာ
ကယ်လိုရီင်္အနည်းဆုံးဖြစ်စေမဲ့

အစားအစာတွေကို စားပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်စားနေကျအစားအစာတွေထဲက


အရသာတူပြီး ကယ်လိုရီပါဝင်မှု နည်းတဲ့ အစားအစာတွေကို အစားထိုး စားသုံးပေးပါ။


ဟင်းရွက်တွေကို ကြော်စားမယ့်အစား ပြုပ်စားတာမျိုး၊


သုပ်စားတာမျိုးပြုလုပ်ပါ။


ပရိုတင်းလုံလောက်ပါစေ




ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုအတွက် ပရိုတင်းဓာတ်လိုအပ်သလို၊


သင်ကကယ်လိုရီကို လျှော့စားနေတာ ဖြစ်တဲ့အတွက်လည်း ပရိုတင်းဓာတ်ကို


လုံလောက်စွာ စားသုံးပေးဖို့လိုအပ်ပါတယ်။ ပေါင် ၁၅၀ရှိတဲ့


အမျိုးသမီးတယောက်အတွက် တစ်နေ့ကို ပရိုတင်း ၅၅ ဂရမ်ရရှိဖို့လိုပါတယ်။


ဒါမှမဟုတ်ရင် ပရိုတင်းဓာတ်ပါဝင်တဲ့ အာဟာရ ၅-၆ အောင်စလောက်တစ်နေ့ကို


စားသုံးပေးသင့်ပါတယ်။


လေ့ကျင့်မှု အဆင့်မြှင့်တင်ပါ




လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကို တိုးရတာမျိုးမဟုတ်ပါဘူး။


လေ့ကျင့်ခန်းပြုလုပ်ချိန် မိနစ် ၃၀မှာ အရင်က


သုံးမိုင်လောက်လမ်းလျှောက်နိုင်
ခဲ့တယ်ဆိုရင် လေ့ကျင့်ချိန်ကြာလာတာနဲ့အမျှ

မိနစ် ၃၀မှာ လေးမိုင်၊ ငါးမိုင်လောက်ထိ တိုးလာတာမျိုးကို


လေ့ကျင့်ခန်းအဆင့်မြင့်လာတယ်လို
့ ဆိုပါတယ်။ လေ့ကျင့်ခန်းပြုလုပ်လို့

ကုန်ဆုံးသွားတဲ့ ချွေးတွေအတွက် ရေအလံအလောက် ပြန်လည်သောက်သုံးပြီး


ရေဓာတ်ခန်းခြောက်မှုမဖြစ်အောင် ကာကွယ်ပေးပါ။


အစာမဖြတ်ပါနဲ့




ကိုယ်အလေးချိန်တက်မှာစိုးလို့ အစာလုံးဝမစားတော့ဘဲ


ဖြတ်တောက်လိုက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ပုံမှန်စားသင့်တဲ့


အာဟာရကိုတော့ စားသုံးပေးပါ။ ကိုယ်အလေးချိန်ကျစေတဲ့ ဆေးဝါးတွေကို မသုံးဘဲ


ကယ်လိုရီလျှော့ထားပြီး ကိုယ်အလေးချိန်ချချင်သူတွေအတွက
် အထူးပြုလုပ်ထားတဲ့

အစားအစာတွေကိုတော့ စားပေးလို့ရပါတယ်။


တက်ကြွစွာနေထိုင်ပါ




လုပ်ငန်းခွင်နဲ့ သင်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ တက်ကြွတဲ့ဟန်ပန်နဲ့တူ


ပေါ့ပါးစွာနေထိုင်ပါ။ နေ့လယ်စာစားပြီးချိန်မှာ ရုံးပတ်ဝန်းကျင်နားမှာ


ခဏတာလမ်းလျှောက်တာမျိုး၊ လှေကားသုံးပြီးတက်တာမျိုး၊ ဖုန်းရှိရာကို


လမ်းလျှောက်ပြီး သွားပြောတာမျိုးတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုရအောင်ယူပါ။


ထိုင်ခုံမှာ အထိုင်များနေပြီဆိုရင်လည်း


အကြောဆန့်လေ့ကျင့်ခန်းလိုမျိုးေ
တွကို ပြုလုပ်လေ့ကျင့်ပေးပါ။

ဝမ်းဗိုက် ချပ်ရပ်နေစေရန် အတွက် အကောင်းဆုံး စားသောက်နည်း



ဝမ်းဗိုက် ချပ်ရပ်လှပနေစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားပေးဖို့ အရေးကြီးပါတယ်။  ဗိုက်ပူလာပြီဆိုရင် တစ်နေ့မှာ အိပ်ထမတင် အကြိမ် ငါးဆယ်လောက် လုပ်ဖို့ လိုအပ်လာပေမယ့် အစားအသောက်ကို ထိန်းချုပ်ပြီး မစားသောက်ရင် ဝမ်းဗိုက်ကြွက်သားတွေ သန်မာဖို့ မလွယ်ပါဘူး။ ဝမ်းဗိုက်မှာ အဆီတွေ ရှိနေနိုင်ပါတယ်။ ဝမ်းဗိုက်အဆီတွေ ကျပြီး ကြွက်သားထုထည် အားကောင်းနေစေဖို့ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ ကောင်းတဲ့ အဆီတွေကိုပဲ ရွေးချယ် စားပေးသင့်တာ ဖြစ်ပါတယ်။


- အရေးကြီးဆုံးအချက်က ဆားနဲ့ သကြားကဲတဲ့ သရေစာတွေကို ရှောင်ဖို့ လိုပါတယ်။ ဆာလောင်မှုကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးဆုံး အချက်က နံနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေကို နည်းနည်းနဲ့ အကြိမ်ခြောက်ကြိမ်လောက် ခွဲပြီး စားပေးသင့်ပါတယ်။ ဒီလို နည်းနည်းနဲ့ မကြာခဏ စားပေးတာက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ဆာလောင်မှုကိုလည်း ကောင်းကောင်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။ အစားအသောက်ကို အချိန် သုံးနာရီကြာတိုင်း တစ်ကြိမ် စားပေးသင့်ပါတယ်။




- အဆီနည်း ပရိုတင်းတွေကို ပါဝင်အောင် စားပေးပါ။ အဆီနည်း ပရိုတင်းတွေက ထမင်းများများ စားချင်စိတ်ကို ဟန့်တားပေးနိုင်ပါတယ်။ အဆီနည်း ပရိုတင်းဓာတ်ကို ရရှိစေဖို့ ကြက်သား၊ ငါး၊ အဆီနည်း အမဲသား စတာတွေအပြင် ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ တိုဟူး၊ အဆီနည်း ဒိန်ခဲ စတာတွေကိုလည်း စားပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ဟာ အဆီတွေကို လောင်ကျွမ်းစေပြီး ဗိုက်ချပ်လိုသူတွေအတွက် အကောင်းဆုံး မိတ်ဆွေပါ။ အကြောင်းကတော့ စွမ်းအင်လောင်ကျွမ်း ကုန်ဆုံးမှု နည်းပါးပြီး ဗိုက်ပြည့်ကာ စိတ်ကျေနပ်မှုကို ရရှိစေလို့ပဲ ဖြစ်ပါတယ်။




- ပရိုတင်းနဲ့အတူ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။




- ထမင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲစတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို လျှော့စားပေးပါ။




- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ ငါးအဆီ၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကရတဲ့ အဆီတွေကို စားပေးနိုင်ပါတယ်။

Sunday, June 17, 2012

ကိုကြီး (သို့) ဦး

ကိုကြီး လို့ခေါ်လိုက်သံ ကြားတယ်။အိမ်မက် ထဲမှာလိုထင်နေမိတယ်။
ဘယ်ဟုတ်မလဲ ဘေးကိုကြည့်လိုက်တော့ winner ဆိုလား ဘာလား KTV ဆိုင်တဲ့။
ကလေးလို့ ပြန်ခေါ်လိုက်တယ်။ပြီးတော့ အိတ်ထဲက ဆင်နှစ်ကောင်ရယ် ခြသေ့င်္ ဆယ်ကောင်ရယ်က ခုန်ထွက်မယ်လုပ်နေတာကို မနည်းတားထားရတယ်။
မကြာပါဘူး ဆင်တစ်ကောင်ခုန်ထွက်သွားတယ်။ ကိုကြီးလို့ ခေါ်လိုက်တဲ့ကောင်မလေးကိုကြည့်လိုက်
တော်တော် ငယ်သေးတယ်။ကိုယ်နဲ့ဆိုရင် သမီးအရွယ်ပေါ့။တန်ပါတယ် ဆင်တစ်ကောင်လက်ဆောင်
ပေးလိုက်ရတာ။ဆင်တစ်ကောင်ဆုံးရှုံးသွားတဲ့ အထိမ်းအမှတ်နဲ့ ရှေ့မှာရှိနေတဲ့ ဖန်ခွက်ထဲက သေရည်
ကို တရှိန် ထိုးမော့ချလိုက်မိတယ်။ ပူဆင်းသွားတဲ့ သေရည်က အစာအိမ်ထဲကို မရောက်တစ်ရောက်
လောက်မှာ ကောင်မလေးက ကိုကြီးလို့ ထပ်ခေါ်ပြန်တယ်။ အိတ်ကို ယောင်ပြီး လက်နဲ့ ထပ်ပိတ်လိုက်
မိတယ်။ တော်ပါတော့ ကောင်မလေးရယ် ငါ ဆိုင်ရှင် ကို ရှင်းဖို့ ချန်ထားရဦးမယ်။တော်ကြာပါလာတဲ့
ပစ္စည်းလေးတွေ ထားခဲ့နေရဦးမယ်။မန်နေဂျာက အချိန်ပြည့်တော့မဲ့အကြောင်းကို စားပွဲထိုးလေးနဲ့
သတိပေးလိုက်တော့ အိမ်ကို သတိရမိတယ်။
ရီဝေနဲ့တဲ့ မျက်လုံးပိုင်ရှင် ကောင်မလေးကို နုတ်ဆက်ရင်း အခန်းထဲက ထွက်လာမိတယ်။
နောက်နေ့ ဈေးထဲမှာ ဈေးဝယ်နေတုန်း ဦးလို့ခေါ်လိုက်သံကြားတယ်။ လှည့်ကြည့်လိုက်တော့
မနေ့က ကောင်မလေးလောက်ပဲ ရှိမယ်။သူ့မျက်လုံးတွေက ကြည်လင်တယ်။ဦး သမီးတို့ဆိုင်မှာ
ဈေးဝယ်ပြီး ပြန်သွားတော့ ပိုက်ဆံအိတ် ကျန်နေတာတွေ့လို့ ဆိုင်ရှင်က သမီး ကိုမေးတော့ ဦးပိုက်ဆံ
အိတ် ထင်လို့လိုက်ပေးတာ။အဲဒီကောင်မလေးက အရောင်းဝန်းထမ်းကောင်မလေး ။
ပိုက်ဆံအိတ်ထဲမှာတော့ ဆင်နှစ်ကောင်ရယ် ခြသေ့င်္ ဆယ်ကောင်ရယ် က ဒီအတိုင်းပဲရှိနေတယ်။
ကောင်မလေး ပြေးထွက်သွားတယ်။
ကျေးဇူးအများကြီးတင်ပါတယ် သမီးလေးရယ် ။ဖြူစင်မှုရယ် ရိုးသားမှုရယ်က သမီးမှာ အပြည့်ရှိနေတယ်
လေ။ညက တွေ့ခဲ့တဲ့ ကောင်မလေးက ကိုကြီးလို့ခေါ်တာ ညာခေါ်တာမှန်းသိလိုက်ရပြီး ခေါင်းက ဆံပင်
ကို ပွတ်လိုက်မိပြီး ဆိုင်မှာရောင်းတဲ့မှန် ထဲက ကိုယ့်ပုံကို ပြန်ကြည့်တော့  ဦး  လို့ခေါ်လိုက်တဲ့ သမီးလေး
ဟာ အမှန်တရားကို ဖော်ပြသွားတာပါလားလို့။
အဲဒီလို မိန်းကလေး တွေ နှစ်ယောက် အကြောင်းတွေးကြည့်လိုက်တော့ ပထမ မိန်းကလေးရယ် ၊ဒုတိယ
မိန်းကလေးရယ် က မွေးဖွားရာ ဘဝက အတူတူလောက်ပဲရှိနေလိမ့်မယ်လို့ တွေးမိတယ်။အဲဒါဘာကြောင့်
ဖြစ်တာလဲ လို့ထပ်တွေးမိလိုက်တော့ ဒီလိုဆိုင်မျိုးတွေ ရှိနေလို့သာ ဒီလို ပထမ မိန်းကလေးမျိုးတွေ ရှိနေ
တာ ၊ဒီလိုဆိုင်မျိုးတွေသာမရှိရင် ဒီလိုမိန်းကလေး လေးတွေ ဒီပြင့်အလုပ် ကောင်းတဲ့အလုပ်ကို လုပ်ကြမှာ
လို့ တွေးမိရင်း အိမ်ကိုရောက်မှန်းမသိ ရောက်လာပါတော့တယ်။           ။







ငယ်ဘဝ

တွေ့တယ်
ရင်ခုန်တယ် ငယ်ငယ်တုန်းကပေါ့
အသက်နည်းနည်းရလာတော့
တွေ့တာကို
ရင်ခုန်ရကောင်းမှန်းမသိတော့ဘူး
တွေ့တော့လဲ
တွေဝေနေမိတယ်
ခေါင်းထဲမှာ
အလုပ်က ပိနေတယ်
တစ်နေ့တစ်နေ့
စားဝတ်နေရေးဆိုတဲ့
တော်တော် တာသွားတဲ့
စကားလေးလုံး
လေးလုံးထဲ ရှိလို့
များသာများရင် မလွယ်ဘူး
ငယ်ငယ်တုန်းက
ကောင်မလေးလည်း ခုတော့
တော်တော် အိုနေပြီ
ဟိုတုန်းကတော့ ကွင်းဆိုလား
ဘုရင်မ ဆိုလားပေါ့
ခုတော့လည်း ဆံပင်က ဖြူ
ရင်ကပူနေပြီပေါ့လေ
ငါလည်း ဒီအတိုင်းပါပဲံ
ဘဝအမော ဆိုတာ
အမေပြောတုန်းက အမောပြေ
ပြောတဲ့စကားလို့ထင်ခဲ့မိတာ
နင်ရယ်
ငယ်ငယ်တုန်းကလို
ပြန်လှလာရင်
ငါလည်း နင့်လို ငယ်တုန်းပဲနေမှာနော်။           ။