ပျို့ခြင်းသက်သာစေရန် .............
ပျို့ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ကုသမှုကလည်း
တစ်ခါတစ်ရံ ကွဲပြားနိုင်ပါတယ်။ အောက်ပါအကြံပြုချက်တွေကတော့ ပျို့ခြင်းကို
သက်သာစေမယ့် အိမ်တွင်းကုသမှုနည်းလမ်းလေးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပျို့ခြင်းက
တော်တော်လေး ပြင်းပြင်းထန်ထန်ဖြစ်နေရင် ဆရာဝန်နဲ့ ကုသမှုယူဖို့
လိုအပ်ပါတယ်။
ပက်ပါမင့် ဒါမှမဟုတ် ပက်ပါမင့်ပါတဲ့
ပူရှိန်းသကြားလုံးတွေဟာ ပျို့တာကိုကုသမှုအတွက် အသုံးဝင်ပါတယ်။
အကောင်းဆုံးအာနိသင်ရဖို့ မဝါးစားဘဲနဲ့ ငုံထားပါ။
ရှာမိုမိုင်းလက်ဖက်ရည် (Chamomile Tea)ကလည်း ပျို့တာကို သက်သာစေပါတယ်။
ရေနွေးနဲ့ ရေချိုးခြင်းဟာ ဖြေလျှော့အနားရမှုကို ပေးစွမ်းနိုင်တဲ့အတွက် ပျို့တာကိုလည်း သက်သာစေပါတယ်။
ပျို့ပြီးအန်နေရင်တော့ ခန္ဓာကိုယ်မှ အရည်ဆုံးရှုံးမှုရှိတဲ့အတွက် အရည်များများသောက်ပေးဖို့လိုပါတ ယ်။ အရည်မသောက် နိုင်တဲ့ အခြေအနေဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုအပ်ပါတယ်။
ပျို့တာကို သက်သာစေဖို့အတွက် ပျားရည်ကိုလည်း သောက်နိုင်ပါတယ်။ ပျားရည်ကို ရေနွေး ဒါမှမဟုတ် ချင်းနဲ့ရောစပ်ပြီး သောက်နိုင်ပါတယ်။
ချင်းလတ်လတ်ဆတ်ဆတ်ဟာ ပျို့တာကို ကုသဖို့အတွက် အလွန်ထိရောက်ပါတယ်။ လက်ဖက်ရည်ပူပူထဲမှာ ထည့်သောက်ရင်လည်း အရသာရှိပါတယ်။
ပျို့တာကို ခံစားရတဲ့အချိန်မှာ ခေါင်းအုံးမြင့်မြင့်ခံပြီး အိပ်ရာမှာ
ခေါင်းကိုမြင့်တဲ့အနေအထားမှာ ထားပါ။ တစ်ခါတစ်ရံမှာ ပျို့တာဟာ အစာအိမ်မှ
အက်စစ်တွေအပေါ် ပြန်ဆန်တက်တဲ့ပြဿနာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီအနေအထား
ကတော့ အစာအိမ်ထဲက အက်စစ်ပြန်တက်မှုမဖြစ်စေအောင် ကူညီပေးပါတယ်။
Good Health
ပျို့ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ကုသမှုကလည်း တစ်ခါတစ်ရံ ကွဲပြားနိုင်ပါတယ်။ အောက်ပါအကြံပြုချက်တွေကတော့ ပျို့ခြင်းကို သက်သာစေမယ့် အိမ်တွင်းကုသမှုနည်းလမ်းလေးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပျို့ခြင်းက တော်တော်လေး ပြင်းပြင်းထန်ထန်ဖြစ်နေရင် ဆရာဝန်နဲ့ ကုသမှုယူဖို့ လိုအပ်ပါတယ်။
ပက်ပါမင့် ဒါမှမဟုတ် ပက်ပါမင့်ပါတဲ့ ပူရှိန်းသကြားလုံးတွေဟာ ပျို့တာကိုကုသမှုအတွက် အသုံးဝင်ပါတယ်။ အကောင်းဆုံးအာနိသင်ရဖို့ မဝါးစားဘဲနဲ့ ငုံထားပါ။
ရှာမိုမိုင်းလက်ဖက်ရည် (Chamomile Tea)ကလည်း ပျို့တာကို သက်သာစေပါတယ်။
ရေနွေးနဲ့ ရေချိုးခြင်းဟာ ဖြေလျှော့အနားရမှုကို ပေးစွမ်းနိုင်တဲ့အတွက် ပျို့တာကိုလည်း သက်သာစေပါတယ်။
ပျို့ပြီးအန်နေရင်တော့ ခန္ဓာကိုယ်မှ အရည်ဆုံးရှုံးမှုရှိတဲ့အတွက် အရည်များများသောက်ပေးဖို့လိုပါတ
ပျို့တာကို သက်သာစေဖို့အတွက် ပျားရည်ကိုလည်း သောက်နိုင်ပါတယ်။ ပျားရည်ကို ရေနွေး ဒါမှမဟုတ် ချင်းနဲ့ရောစပ်ပြီး သောက်နိုင်ပါတယ်။
ချင်းလတ်လတ်ဆတ်ဆတ်ဟာ ပျို့တာကို ကုသဖို့အတွက် အလွန်ထိရောက်ပါတယ်။ လက်ဖက်ရည်ပူပူထဲမှာ ထည့်သောက်ရင်လည်း အရသာရှိပါတယ်။
ပျို့တာကို ခံစားရတဲ့အချိန်မှာ ခေါင်းအုံးမြင့်မြင့်ခံပြီး အိပ်ရာမှာ ခေါင်းကိုမြင့်တဲ့အနေအထားမှာ ထားပါ။ တစ်ခါတစ်ရံမှာ ပျို့တာဟာ အစာအိမ်မှ အက်စစ်တွေအပေါ် ပြန်ဆန်တက်တဲ့ပြဿနာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီအနေအထား ကတော့ အစာအိမ်ထဲက အက်စစ်ပြန်တက်မှုမဖြစ်စေအောင် ကူညီပေးပါတယ်။
Good Health
