ချိုလေးဇွန်

Sunday, June 24, 2012

ကျေးဇူးတင်ပါတယ်

 



မင်းက ငါ့ကိုအဲဒီစကားလေးနဲ့
ပြန်ပြောခဲ့တယ်
ငါကမင်းကို ရပါတယ်လို့
ဖွင့်ဟခဲ့တယ်
မင်းကိုငါ ကူညီခဲ့တုန်းက
အဲဒီလို စကားမျိုး
ပြောမယ်လို့တောင်မထင်မိဘူး
မျှော်လည်းမျှော်လင့်မထားဘူး
မင်းရဲ့နုတ်ဖျားက ဖွင့်ဟတဲ့စကား
ရင်ထဲကို စူးရှသွားတယ်
မင်းရဲ့ အားနာတဲ့အကြည့်
လန်းဖျာတဲ့ မင်းမျက်နှာ
တမင်စွဲမက်အောင်လုပ်တာမဟုတ်ဘူးဆိုတာကို ငါသိတယ်
ဒါပေမဲ့ စွဲမက်ခဲ့တယ်
ရင်ထဲကိုရောက်တယ်
                                            မင်းကိုလည်း ငါက တသက်လုံးကျေးဇူးတင်နေမှာပါ။        

No comments:

Post a Comment