ချိုလေးဇွန်

Wednesday, July 4, 2012

နေပြည်တော် က ဘုန်းကြီးကျောင်းတွေ ကို စည်ပင်က မီးရှို့

နေပြည်တော် က ဘုန်းကြီးကျောင်းတွေ ကို စည်ပင်က မီးရှို့

နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာကဖျက်မိန့် ပို့ထားပြီး၊ အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက် တယ်လို့ သတင်းရရှိပါတယ်။

ဘုန်းကြီးကျောင်းတကျောင်းကိုတော့ ငွေသိန်း (၄၀) ကျော်ပေးပြီး မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံဘုန်းတော်ကြီးတပါးက RFA ကိုမိန့်ပါတယ်။

ကျောင်းတွေဖျက်ပေးရမယ့်ကိစ္စကို မနက်ဖြန်နောက်ဆုံးထား အကြောင်းပြန်ရမယ်လို့ ညွှန်ကြားထားတဲ့ အကြောင်းကို ဥတ္တရသီရိမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

ဖျက်ရမယ့်ညွှန်ကြားခံရတဲ့ကျောင်းတွေထဲမှာ ၅ ကျောင်းက လုံးဝ မရွှေ့ပေးနိုင်ဘူး ဆိုတဲ့အကြောင်း သိရသလို၊ ကျောင်း ၉ ကျောင်းက အကြောင်းမပြန်ဘူးလို့သိရပါတယ်။ ကျန်တဲ့ကျောင်းတွေကတော့ လုံလောက်တဲ့လျော်ကြေး ဒါမှမဟုတ် သင့်တော်တဲ့နေရာမှာ အစားထိုးပြန်ပေးမယ်ဆိုရင် ပြောင်းရွှေ့ပေးမယ့်သဘောထားရှိတယ်လို့သိရပါတယ်။

ဘုန်းကြီးကျောင်းတွေဖျက်ဖို့ညွှန်ကြားထားတဲ့ နေပြည်တော်စည်ပင်သာယာဌါနကတော့ ဘယ်လိုအစားထိုးဆောင်ရွက်ပေးမယ် ဆိုတဲ့ အစီအစဉ်သစ်နဲ့ပတ်သက်လို့ ဘုန်းတော်ကြီးတွေကို တိတိကျကျလျှောက်ထား ပန်ကြားတာမရှိသေးဘူးလို့သိရပါတယ်။

No comments:

Post a Comment