လစ်လပ်သွားသည့် ဒုတိယ သမ္မတ သီဟသူရတင်အောင်မြင့်ဦး နေရာသို့
အစားထိုးရန်အတွက် တပ်မတော်သား ကိုယ်စားလှယ်များက
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို
စာရင်းတင်သွင်းလိုက်ပြီဖြစ်ကြောင်း တပ်မတော်သား
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တစ်ဦးက
အတည်ပြုပြောကြားလိုက်သည်။
"တိုင်းပြည်အတွက်
အများကြီးအလုပ်လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် အများပြည်သူအတွက်
အများကြီးအားကိုးရမယ်လို့ ယူဆတဲ့အတွက် သူ့ကိုစာရင်းတင်သွင်းတာပါ" ဟု အထက်ပါ
ဗိုလ်မှူးချုပ်က မီဒီယာများသို့ မိနစ်ပိုင်းအတွင်းက
ပြောကြားလိုက်ခြင်းဖြစ်သည်။
နာမည်စာရင်းတင်သွင်းရမည့်ရက်သည့်
ယနေ့နောက်ဆုံးနေ့ဖြစ်သည့်အတွက် တပ်မတော်သားကိုယ်စားလှယ်များက
ပြည်ထောင်စုလွှတ်တော် နာယကထံ နာမည်စာရင်းပေးပို့ ထားပြီးဖြစ်နိုင်သည်ဟုလည်း
လွှတ်တော်ကိုယ်စားလှယ် အများစုက ယူဆနေကြသည်။
ယခင်ဒုတိယ
သမ္မတနေရာတွင် ဦးဌေးဦး၊ဦးတင်အေး၊ရေတပ်ကာကွယ်ရေးဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း၊ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့၏အမည်များ
ခန့်မှန်းသတင်းများထွက်ပေါ်ခဲ့သော်လည်းဇူလိုင် ၉ ရက်က စတင်ကာ
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေဖြစ်ကြောင်း
သတင်းများထွက်လာခဲ့ပြန်သည်။
ဦးမြင့်ဆွေသည်
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး
တပ်မတော် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့၏ အကြီးအကဲအဖြစ်လဲ
တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
No comments:
Post a Comment