အသက်(၇၀)လောက်ရှိနေပြီဖြစ်တဲ့လယ်သမားကြီး
သားသမီးကလည်းအတူမနေတော့ စိုက်ပျိုးစရိတ်ချေးငွေရရန်သူ
ကိုယ်တိုင်မြို့သို့လိုက်ရမည်။ အဖိုးအိုလယ်သမားက
အမယ်ကြီးထုပ်ပေးလိုက်သော ထမင်းထုပ်ကလေးကိုလက်ကကိုင်ထားပါ
သည်။ ကားပေါ်ရောက်တော့ အဖိုးအိုကိုဝိုင်းရီကြသည်။
ထမင်းထုပ်လာလို့ဖြစ်သည်။ ကားပေါ်ကတစ်ယောက်က
`အဘရယ် မြို့
ရောက်ရင် ထမင်းစားမလား၊ ဒါမှမဟုတ် နည်းနည်းပါးပါးချမလား
ကြိုက်တဲ့နေရာမှာ နားလို့စားလို့ရတယ်။ အဲဒီထမင်းထုပ်ကြီးဘာ
ဖြစ်လို့ယူလာရတာလဲ။´ အဖိုးအိုဘာမှပြန်မပြော
၊ သူထိုင်စရာနေရာရှာပြီးထိုင်လိုက်သည်။ စိုက်ပျိုးစရိတ်ချေးငွေထုတ်ရန်မြို့ကို
သွားမည့် ထရော်လာဂျီပေါ်ကမြင်ကွင်းလေးဖြစ်သည်။
ဆိုင်ကယ်ရှိသူများက ဆိုင်ကယ်တွေနှင့်သွားကြမည်ဆိုတော့
ဆိုင်ကယ်ရှိသူများကစောစောထစရာမလိုပါ။ မိုးလင်းမှ
အိပ်ရာကထပြီး ဆိုင်ကယ်ကိုယ်စီဖြင့် မြို့ကိုသွားကြမည်။
ရွာမှဆိုင်ကယ်ရှိသည့် သူငယ်ချင်းလယ်သမားများတစ်ယောက်ကိုတစ်
ယောက်စောင့်ခေါ်ရင်းကားထွက်ပြီး နာရီဝက်လောက်အကြာမှထွက်လာကြသည်။
မြို့ကစိုက်ပျိုးရေးဘဏ်ကိုရောက်ရင်တော့ဆိုင်
ကယ်သမားရော ထရော်လာဂျီစီးလာသူများရော အတူတူဆုံကြမှာဖြစ်သည်။
တောသူတောင်သားများ၏ထုံးစံအတိုင်း နံနက်စော
စောထကာ ထမင်းကြမ်းစားရေနွေးကြမ်းအ၀သောက်ပြီးမှ
ထွက်လာသူများရှိသလို တစ်ချို့ယနေ့ခေတ်လယ်သမားများကတော့
မြို့သားစတိုင်လ် မြို့ကိုရောက်မှလက်ဖက်ရည်ဆိုင်မှာ
တစ်ခုခုစားမည်ပေါ့။ ထုတ်ရမည့်ငွေပမာဏကလည်း
တစ်ဧကကိုငွေတစ်
သိန်းတောင်ရမှာဆိုတော့ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး
မြို့ကစားစရာများကိုစားမည်လို့စိတ်ကူးထားပြီးသားဖြစ်သည်။
ထမင်းကြမ်းစားမလာသောသူများစုပြီး ဘဏ်မဖွင့်ခင်
လက်ဖက်ရည်ဆိုင်မှာထိုင်ကြသည်။ ထမင်းကြော်တို့ထမင်းသုပ်
တို့ ဆီချက်ခေါက်ဆွဲတို့ကိုမှာပြီး စားကြသည်။
ပြီးလျှင်မြို့သားများသောက်သည့် လက်ဖက်ရည်ဆိုတာကြီးကိုမှာကြသည်။ ရွာမှာ
ဆိုရင်တော့ ရေနွေးအဖြူထည်နှင့် ကော်ဖီမစ်တို့
တီးမစ်တို့သောက်ကြရသည်။ ဒီမှာက လက်ဖက်ရည်နှပ်ရည်လေးနှင့်သောက်ရ
သဖြင့် တစ်မျိုးဆန်းသွားသည်။ လက်ဖက်ရည်ရောက်လာတော့သောက်လိုက်တာအရသာရှိလိုက်တာလို့
တစ်ယောက်ကပြော
သည်။
ဒါကြောင့်မြို့သားများ နေ့တိုင်းလက်ဖက်ရည်ဆိုင်လာထိုင်ကြတာနေမှာပေါ့လို့လည်းတွေးနေကြသေးသည်။
စီးကရက်ကို
လည်း ဗူးလေးများဖြင့်ထည့်ကာထားပေးသည်။ မီးခြစ်ကလည်းအဆင်သင့်၊
လက်ဖက်တစ်ငုံသောက်လိုက် ဆေးလိပ်တစ်ဖွာ ဖွာ
လိုက်တော်တော်အရသာတွေ့နေသည်။
ဘဏ်ကကျေးရွာအုပ်စုတစ်ခုလုံးအတွက်ထုတ်ပေးရတာဆိုတော့စာရင်းဇယားလုပ်တာနှင့် လူခေါ်ရတာနှင့်
နေ့လည်ထမင်း
စားချိန်ရောက်သွားသည်။ ထမင်းစားချိန်ရောက်တော့
ထရော်လာဂျီပေါ်ပါလာသော အဖိုးအိုကထမင်းထုပ်ကလေးကိုဖွင့်ကာသစ်
ပင်ရိပ်တွင်ဖွင့်ကာစားလိုက်သည်။ လူငယ်များတော့မြို့ကထမင်းဆိုင်ကြီးများမှာ
ကြွေပန်းကန်နှင့်ထိုင်ခုံအကျအနထိုင်ကာစားရ
သောနေရာသို့သွားစားကြသည်။ တစ်ချို့လစ်ကာအနည်းငယ်သုံးဆောင်တတ်သူများကတော့စားသောက်ဆိုင်များသို့သွားပြီး
သောက်ကြစားကြသည်။ လူကလည်းတစ်ယောက်နှင့်တစ်ယောက်အကြိုက်ချင်းမတူတော့
လည်းတူရာတူရာလူများစုဖြစ်သွား
ကြသည်။
ဘဏ်ငွေထုတ်ပြီးသူများက ဈေးထဲသို့သွားကာ TV, VCD, SKY NET, 5NETWORK စသည့်ဇိမ်ခံပစ္စည်းများကိုဝယ်ကြ
သည်။ ဆောင်းဘောက်လည်းဝယ်ကြသေးသည်။ တစ်အိမ်နှင့်တစ်အိမ်အပြိုင်ဖွင့်ကြသော
အသံချဲ့စက်ဖြစ်သည့်ဆောင်းဘောက်
များကိုလည်း ဘေးအိမ်ကအသံထက်ကျယ်အောင်ဖွင့်မည်ဟုစိတ်ကူးရင်း
အကြီးဆုံးဆိုတာကိုရွေးဝယ်ကြသည်။ ဘဏ်ငွေကလည်း
တစ်ဧကကျပ်တစ်သိန်းထုတ်ပေးနေတော့ ငါးဧကရှိတဲ့လယ်သမားက
ကျပ်ငါးသိန်းရနေသည်။ တစ်သိန်းဖိုးလောက်ဝယ်တာနှင့်
တော့ ဘာမှမဖြစ်ဟုတွေးကာ အပြိုင်အဆိုင်ဝယ်ကြခြင်းဖြစ်သည်။
အိမ်ပြန်ရောက်ရင်တော့ ဟိုဖက်အိမ်က ကောင်မင်းဆောင်း
ဘောက်သံက ကျယ်မလား ၊ ငါ့ဆောင်းဘောက်သံကကျယ်မလား တွေ့ကြသေးတာပေါ့ကွာဟုစိတ်ထဲကကြုံးဝါးရင်းဆိုင်ကယ်
နောက်က ပီတိအပြုံးတွေဝေလို့ပါ။
သောက်တတ်စားတတ်သောသူများကတော့ နေ့လည်ပိုင်းကတည်းကစားသောက်ခဲ့သောဆိုင်များသို့ဘဏ်ငွေထုတ်အပြီး
့ပြန်ခါနီးအနည်းငယ်ချမည်ဟုတိုင်ပင်ကာ တစ်ခေါက်ပြန်သွားကြသည်။
နေ့လည်က စားပွဲထိုးကောင်လေးပြောလိုက်သည့်စကားသံ
ကနားထဲကမထွက်။ `အကိုတို့ကျွန်တော်တို့ဆိုင်မှာသီးသန့်ခန်းရှိတယ်။
ညနေပိုင်းအကိုတို့ငွေထုတ်ပြီးရင်ပြန်လာခဲ့ပါလား။ ကျွန်
တော်တို့ဆိုင်မှာ ဆက်ရှင်ခန်းဆိုတာရှိတယ်။
အထဲကိုရောက်ရင် အရက်ငှဲ့ပေးမဲ့ကောင်မလေးတွေရှိမယ်။ သူတို့တွေကသီချင်း
လည်းအတူဆိုလို့ရတယ်။ အဲဒီအတွက်အကိုတို့က ငွေပေးစရာမလိုဘူး။
အခန်းခ ဆက်ရှင်ခပဲပေးပါတဲ့။ အကိုတို့စားတာသောက်
တာပဲငွေရှင်းရမယ်။ ကောင်မလေးတွေအတွက်အကိုတို့ပေးစရာမလိုဘူး။
မုန့်ဖိုးလောက်ပေးရင်ရတယ်။ အခန်းခကလေးငါးထောင်
လောက်ပေးရင်ရပြီ။ အထဲကျရင်ကျွန်တော်တို့က လေအေးပေးစက်ဖွင့်ပေးထားမယ်။
ဇိမ်ပဲဗျာ´ တဲ့။
ငွေဆယ်သိန်းထုတ်လာခဲ့သည့်တစ်ယောက် ကစမ်းကြည့်တာပေါ့ကွာတဲ့။ ဘာဖြစ်တာမှတ်လို့။
ကုန်လည်းနည်းနည်းပါးပါးပဲ
ကုန်မှာ။ ဗဟုသုတရတာပေါ့ဟုဆိုကာစားပွဲထိုးကောင်လေးအား
အခန်းစီစဉ်ခိုင်းလိုက်သည်။ ကောင်လေးကလည်း အကိုတို့သုံးမီး
နစ်ပဲစောင့်ဟုဆိုကာ ပြေးထွက်သွားသည်။ သိပ်မကြာလိုက်ပါ။
ကောင်လေးပြန်လာပြီးလာလို့ရပြီဟုဆိုကာ အခန်းကျဉ်းများရှိရာ
ဖက်သို့ခေါ်လာပြီး အခန်းတစ်ခန်းကိုလက်ညှိုးထိုးပြလိုက်သည်။
အခန်းထဲတွင်ဆိုဖာဆက်တီခုံတွေနှင့် ရှေ့တွင် TV အကြီးကြီးတစ်
လုံးကိုလည်းချထားသည်။ သီချင်းဆိုရန်မိုက်ကလည်းအဆင်သင့်ဖြစ်သည်။
သိပ်မကြာလိုက်ပါ။ ကောင်မလေးတွေရောက်လာကြ
သည်။
ကောင်မလေးတွေကဖော်ရွေသည်။ အိမ်ကမိန်းမနှင့်တော့တစ်ခြားစီဖြစ်သည်။ လှတာကလည်းစက်စက်ယို။
ဝတ်ထားတာ
ကလည်း ကိုရီးယားရုပ်ရှင်ကားထဲက လီဆောင်းဦးတို့
အွန်စောတို့ကိုကြည့်နေရသလိုပါ။ အကျီ င်္ကစွပ်ကျယ်၊
စကတ်ကတိုတို၊ အ
သက်ကြီးမှ ဘယ်ဖက်ရင်အုံမှာရှိတဲ့ နှလုံးသားကခုန်လာသည်။
နှလုံးသားခုန်ခြင်းနှင့်အတူ အိတ်ကပ်ထဲကငွေများလည်း
ကောင်မ
လေးတွေဆီ ခုန်ထွက်သွားသည်။ ဦးကသိပ်ချစ်ဖို့ကောင်းတာပဲလို့
ချွဲချွဲနွဲ့နွဲ့ပြောလိုက်သည့်စကားသံလေးက နားဝင်ပီယံရှိလှ
သည်။ စမ်းချောင်းလေးတစ်စင်းဖြတ်စီးသွားသလိုခံစားရသည်။
ဒီလိုနဲ့ ဘဏ်ကထုတ်လာတဲ့ငွေဆယ်သိန်း အကုန်ပြောင်သွား
သည်။ ကောင်မလေးတွေလည်း ငွေကုန်မှန်းသိတော့
ခဏဟုဆိုကာပျောက်သွားလိုက်တာ ဘယ်ကိုရောက်သွားမှန်းမသိ။ ငွေဆယ်
သိန်းကုန်ပြီး ရွာသို့လက်ဗလာပြန်လာခဲ့သည်။
လွမ်းမိသည်က စားသောက်ဆိုင်က ကောင်မလေးကိုပါ။
အိမ်ကိုပြန်ရောက်တော့ အိမ်သူသက်ထားဇနီးမယားကအိမ်ပေါက်ဝကထွက်ကြိုသည်။ ကြိုတာက ငွေပါလာလျှင် ဓာတ်
ဆားဖိုးပေးဖို့၊ ကောက်စိုက်မတွေပေးဖို့ချေးထားတဲ့ငွေတွေပြန်ဆပ်ဖို့၊
လယ်ထွန်စက်မောင်းဖို့ဆီအကြွေးယူထားတာတွေကို
ပြန်ဆပ်ဖို့ အတွက်ဘဏ်ငွေကိုမျှော်နေတာဖြစ်သည်။
အကြွေးတွေကပူနေပြီလေ။ လင်တော်မောင်ထံတွင်ငွေတစ်ပြားတစ်ချပ်မှ
ပါမလာတော့ လင်မယားနှစ်ယောက်ကွဲကြလေသတည်းပေါ့။
တကယ့်အဖြစ်အပျက်တစ်ခုဖြစ်သည်။ ချေးငွေဆိုသည်က အချိန်တန်
လျှင်ပြန်ဆပ်ရမည်။ ဒီနေ့ဘဏ်ငွေထုတ်ရင်း မြို့ပေါ်မှာအကုန်သုံးလိုက်တာသည်
မိမိငွေမဟုတ်။ ချေးငွေသာဖြစ်သည်။ စပါးပေါ်
ချိန်ရောက်ရင်စပါးရောင်းပြီးသာပြန်ဆပ်ပေတော့။
တောင်သူများရဲ့အကြွေးသံသရာကလည်နေသည်။ ဘဏ်ငွေထုတ်လိုက်သုံး
လိုက် ၊စပါးပေါ်လိုက်ပြန်ဆပ်လိုက်ဖြစ်သည်။
လယ်သမားအားလုံးကိုဆိုလိုခြင်းမဟုတ်ပါ။ ထမင်းထုပ်လာသောအဖိုးအိုဘဏ်မှချေးငွေများအားလုံးအိမ်ကိုပြန်ပါလာသည်။
ချင့်ချိန်တတ်သောလယ်သမားများအိမ်သို့ပြန်ရောက်သောအခါ သုံးစရာရှိသည်များကိုတန်ဖိုးရှိရှိအသုံးချသူများလည်းရှိပါသည်။
တစ်ချို့သောလယ်သမားများအတွက်စိတ်မကောင်းစရာအဖြစ်များဖြစ်သည်။
ဒါတွေကိုပြုပြင်ဖို့ဆိုရင် ဘယ်သူမှလိုက်လုပ်ပေးလို့မ
ရ ပြုပြင်ပေးလို့မရပါ။ မိမိဘာသာဆင်ချဉ်ပါမှဖြစ်သောအရာဖြစ်သည်။
မိမိစိတ်ကိုထိန်းချုပ်ရင်း ဟိုတုန်းကလို စိုက်ဘဏ်ချေးငွေကို
နယ်မြေအရောက်လိုက်လံချေးပေးခဲ့သည်ကို မျှော်လင့်တမ်းတရင်း
တကယ့်အဖြစ်အပျက်များကို စာဖတ်သူများသိရှိစေရန်နှင့်မလုပ်
မိစေရန် စေတနာကောင်းဖြင့်ရေးသားလိုက်ရပါသည်။
နေ၀င်းဇော်(မြန်အောင်)
No comments:
Post a Comment