မင်းသားလေးတစ်ပါးတောကစားထွက်လာရင်း
အဘိုးအိုတစ်ဦးသရက်ပင်စိုက် နေတာကိုမြင်သဖြင့် အဘဘာပင်တွေစိုက်နေတာလဲလို့မေးလိုက်ရာ
အဘိုးအိုက ပြန်ပြောလိုက်သောစကား မင်းသားလေးက အဘိုးလည်းဒီသရက်ပင်ကအသီးကို စားနိုင်တော့မှာမဟုတ်ပဲနဲ့ဘာလို့စိုက်နေရတာလဲဆိုတဲ့အမေးကို
ပြန်ဖြေလိုက် သောစကားကို အားလုံးဖတ်ဖူးကြပါလိမ့်မည်။
စာရေးသူတို့ငယ်ငယ်ကသောက်ရေအိုးစင်လေးတွေ(၀ါ)ရေချမ်းစင်လေးတွေကို
သစ်ပင်ကြီးများ၏အောက်ဖက်တွင်လည်းကောင်း၊ ရေအိုးစင်လေးတွေဆောက်ပြီး လည်းကောင်း နေရာတော်တော်များများတွင်တွေ့ကြရသည်။
မြန်မာလူမျိုးတို့၏ချစ် စရာဓလေ့ကဒီလိုပါ။ မြန်မာလူမျိုးတွေက နှလုံးသားလှကြသည်။ ကူညီကြသည်။
ကိုယ်ချင်းစာတရားရှိကြသည်။ ရန်ကုန်မြို့က ဘတ်စ်ကားတွေပေါ်မှာအသက်အ ရွယ်ကြီးရင့်သူနှင့်
အားနွဲ့သူတွေကိုနေရာဖယ်ပေးကြသည်။ ချစ်စရာကောင်းလိုက်ပုံ များ လောကပါလတရားကိုလက်ကိုင်ထားကြသည်။
စာရေးသူတို့ငယ်စဉ်ကျောင်းနေတုန်းက
ကျောင်းကဆရာဆရာမများက စာသင် ကြားတာအပြင် မိမိထက်အသက်တစ်မီနစ်တစ်စက္ကန့်ကြီးသူကိုပင်ရိုသေရန်၊
လူကြီး သူမများရှေ့တွင် ကိုယ်ကိုကိုင်းညွတ်သွားရန်၊ လူကြီးသူမများကိုစကားပြောရာ ရှင်၊
ကျွန်မ၊ ဟုတ်ကဲ့၊ ကျွန်တော်စသည်ဖြင့်ပြောရန် လူကြီးသူမများနှင့် ထမင်းအတူတူ စားပါက
လူကြီးသူမများကိုအရင်ဦးစားပေးစားစေပြီးမှ မိမိတို့ကစားရန်စသည်တို့ ဖြင့် လောကနီတိကို
လက်တွေ့သင်ကြားပေးသည်။ မိဘများကလည်းအိပ်ရာဝင်ပုံ ပြင်များဖြစ်သော ငရဲကြီးရှစ်ထပ်အကြောင်း၊
ရိုင်းပြရင်၊ လူကြီးသူမများကိုစော်ကား ရင် ငရဲအိုးထဲဇော်ထိုးကျတတ်ကြောင်းတို့ကို ပုံပြင်များနှင့်တစ်ကွစာရေးသူတို့တစ်
တွေလိမ္မာယဉ်ကျေးအောင်ပြုစုပျိုးထောင်ပေးခဲ့သည်။
စာရေးသူတို့တစ်တွေဟာ
အင်မတန်မှသွန်သင်ဆုံးမမှုကောင်းသောမိဘများ၊ ဆရာသမားများနှင့် နေခဲ့ကြရသည်။ ထမင်းစားလျှင်ပင်
ထမင်းစေ့ကိုမဖိတ်အောင် သပ်သပ်ရပ်ရပ်စားတတ်အောင်သင်ကြားပေးသည်။ ဘာသာတရားကိုကိုင်းရှိုင်း
တတ်အောင်လည်းသင်ကြားပေးသည်။ ဘုရားရှိခိုးခိုင်းသည်။ ဆွမ်းတော်ကိုကိုယ် တိုင်ကိုယ်ကျကပ်ခိုင်းသည်။
တစ်ဦးနှင့်တစ်ဦးစာနာတတ်အောင်သင်ပေးသည်။ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ငယ်သူကိုသနားဆိုသည့်
စကားအတိုင်းပြုမူ ဆောင်ရွက်စေသည်။
စာရေးသူတို့တစ်တွေက
ညီအစ်ကိုမောင်နှတွေများသည်။ မိဘများက၀န်ထမ်း မိသားစုများဖြစ်သဖြင့် ငယ်စဉ်ကတည်း က ကျောင်းသို့သွားရာတွင်မုန့်ဖိုးမရ။
အိမ် တွင်သားသမီးအားလုံးကို ညီတူညီမျှကျွေးမွေးပြီးမှ ကျောင်းသို့လွှတ်သည်။ စည်းနှင့်
ကမ်းနှင့်နေထိုင်ရသည်။ နေ့လည်ထမင်းစားချိန်တွင် အိမ်မှာထမင်းစားအပြီး မိခင် က၀ယ်ထားသောမုန့်များကို
တစ်ယောက်တစ်ခုဝေပေးသည်။ ကျောင်းသို့သွားပါ ကမောင်နှမတစ်တွေ ရှေ့ဆင့်နောက်ဆင့်သွားရသည်။
အကြီးဆုံးက နောက်ဆုံးက လိုက်ရသည်။ အားလုံးကိုကူညီနိုင်ရန်ဖြစ်သည်။ လမ်းတွင်ရှိသောခွေးများ အခြား အန္တရာယ်များကို ကြီးသူများကကာကွယ်ရသည်။
စာရေးသူတို့တစ်တွေလေ့ကျင့်သားပြည့်ဝခဲ့သည်။
အသက်ကြီးလာပြီးငွေရှာရ သောအခါ ငွေကိုလိုအပ်သည့်နေရာတွင်သာသုံးတတ်လာသည်။ အပိုသုံးမပြစ်တော့
ပါ။ တစ်ယောက်နှင့်တစ်ယောက်စောင့်ရှောက်တတ်သည့်အလေ့အကျင့်ကိုမိဘများ ကမွေးမြူပေးထားသည့်အတွက်
တစ်ယောက်နှင့်တစ်ယောက်ဖေးမကူညီနိုင်ခဲ့သည်။ ယခုအချိန်အထိစာရေးသူတို့မိသားစုတစ်တွေ တစ်ယောက်နှင့်တစ်ယောက်စောင့်
ရှောက်နေကြတုန်းဖြစ်သည်။
လူမှုရေးကူညီမှုလုပ်ငန်းတွေကို
စာရေးသူလုပ်ငန်းလုပ်နေရင်းလုပ်ကိုင်ဆောင် ရွက်နေသည်။ မိမိအကျိုးစီးပွားကိုလည်းတစ်ဖက်တစ်လမ်းကရှာရင်းလိုအပ်သည့်
နေရာ ၊ကွက်လပ်လေးများကိုဖြည့်သည့်လူမှုရေးလုပ်ငန်းများကိုလည်း လုပ်ပေးနေ သည်။ စိတ်ကိုဖြူစင်အောင်ထားသည်။
စာရေးသူတို့နေသောနေရာလေး၊ စာရေးသူ တို့နေသောမြို့ကလေး၊ ဒီထက်ထပ်ပြီးကြီးကြီးကျယ်ကျယ်ပြောရလျှင် စာရေးသူ
တို့နေသောတိုင်းဒေသကြီး၊ ပြည်နယ်၊ နောက်ပြီး မြန်မာနိုင်ငံကြီး တိုးတက်မယ်ဆို ရင် စာရေးသူကကျရာနေရာကနေတာဝန်ထမ်းဆောင်ပေးချင်သည်။
ဟိုလူမကောင်း လို့ ငါတို့မလုပ်ဖူး၊ ဒီလူ့ကို မကြိုက်လို့ငါတို့တော့ ကန့်လန့်တိုက်လိုက်မယ်စ
သည်ဖြင့် သဘောထားမပြည့်ဝသည့်အလုပ်များကို စာရေးသူရှောင်သည်။ ကျရာနေ ရာမှာလုပ်သည်ဆိုတာက
စာရေးသူစွမ်းနိုင်သလောက်သာဖြစ်သည်။ စာရေးသူက ဒီလောက်စွမ်းနိုင်သည်။ တစ်ခြားတစ်ယောက်က
စာရေးသူထက်ပိုစွမ်းနိုင်ပါက စာ ရေးသူနေရာဖယ်ပေးသည်။ ကူညီသည်။ လမ်းမှန်ကို လျောက်ကြဖို့စာရေးသူတိုက်
တွန်းချင်သည်။
စာရေးသူတို့
တစ်တွေအားလုံးဝိုင်းပြီး ဧရာဝတီကိုထိန်းသိမ်းကြမယ်။ သစ်ပင်သစ် တောတွေကိုခုတ်တာကို ကာကွယ်ကြမယ်။
သစ်ပင်တွေကိုစိုက်ကြမယ်။ သစ်ပင် တစ်ပင်ရှင်သန်ကြီးထွားဖို့ အချိန်ဘယ်လောက်ယူရသလဲဆိုတာ
စာဖတ်သူတို့သိ ပြီးသားဖြစ်ပါတယ်။ စာရေးသူတို့အသက်အရွယ်တွေနဲ့သက်တမ်းစေ့အောင်နေရ မယ်ဆိုရင်တောင်
ဒီနေ့လုပ်ရမဲ့ ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်းတွေလုပ်ရင်တောင် စာရေးသူတို့မမီနိုင်တော့ဘူး။
ဒါပေမဲ့လုပ်ကိုလုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ စာ ရေးသူတို့တစ်တွေ ဒီလိုနေနိုင်အောင်
စာရေးသူတို့ထက်အရင် လောကကြီးကို ရောက်ရှိခဲ့သူတွေက လုပ်ပေးခဲ့ကြတယ်။ စာရေးသူတို့တစ်တွေကလည်းလက်ဆင့်
ကမ်းပြီးတာဝန်ကျေအောင်လုပ်ရမယ်။ စာရေးသူတို့ရဲ့နောက်မျိုးဆက်သစ်တွေက လည်း စာရေးသူတို့လိုတာဝန်တွေကျေဖို့လိုအပ်ပါလိမ့်မယ်။
မြန်မာနိုင်ငံကြီး
သူများလက်အောက်ကိုနှစ်ပေါင်းတစ်ရာကျော်ရောက်သွားခဲ့ဖူးပြီ။ ဘယ်လောက်တောင်ခံစားခဲ့ရသလဲ။
ဘယ်လိုပြန်လုပ်ပြီး ကိုယ့်မြေ ကိုယ့်ရေကိုပြန် ပြီးခက်ခက်ခဲခဲ ရယူခဲ့ရသလဲ။ ဒါတွေဟာ
သင်ခန်းစာတွေပါ။ စာရေးသူတို့ထက် အရင်က မြန်မာနိုင်ငံမှာနေတဲ့သူတွေက လွတ်လပ်တဲ့အချုပ်အခြာ
အာဏာတစ်ခု ကိုပိုင်ဆိုင်အောင် လုပ်ထားကြတယ်။ စာရေးသူတို့လက်ထက်မှာလည်း စာရေးသူ တို့က
ကာကွယ်ထိန်းသိမ်းရမယ်။ စာရေးသူစိတ်မကောင်းဖြစ်မိတာလေးတစ်ခုပြော ပြချင်ပါတယ်။ နိုင်ငံရေးပါတီကြီးတစ်ခုက
ဟောပြောပွဲတစ်ခုမှာ `ခုလိုနေရမဲ့အစား နိုင်ငံကြီးတစ်ခုကအုပ်ချုပ်လိုက်ရင်ကောင်းမှာပဲ´လို့ပြောခဲ့တာကို
ကြားခဲ့ရပါတယ်။ စာရေးသူတော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
လက်ဆင့်ကမ်းတယ်ဆိုတာက အကောင်းအတိုင်းလက်ဆင့်ကမ်းတာ အကောင်းဆုံး
ပါ။ ဆိုကြပါစို့။စာရေးသူက ကိုယ်မွေးထားတဲ့သားသမီးတွေကို လက်ဆင့်ကမ်းအ မွေပေးခဲ့မယ်ဆိုရင်
အကောင်းဆုံးဆိုတာတွေကို ပေးခဲ့ချင်တယ်။ အနာတရတွေနဲ့မ ပေးခဲ့ချင်ဘူး။ ဒီလိုပဲ စာရေးသူတို့ဟာ
နောင်တစ်ချိန်မှာ ဒီနေ့လူငယ်တွေကိုလက် ဆင့်ကမ်းခဲ့ကြရမှာပါ။ ဆုပ်ကိုင်ထားလို့မရပါဘူး။
အသက်အရွယ်ကြောင့်ပဲဖြစ်စေ၊ ကျန်းမာရေးကြောင့်ပဲဖြစ်စေပေါ့။ ဒီနေ့လူငယ်တွေဟာလည်း နောင်တစ်ချိန်မှာပြန်
ပြီးလက်ဆင့်ကမ်းကြရမှာ မလွဲဧကန်ပါပဲ။ လက်ဆင့်တွေကမ်းကြမယ်ဆိုရင်ဘယ်လို မျိုးလက်ဆင့်ကမ်းပေးကြမှာပါလဲ။
စာရေးသူတို့တစ်တွေ ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်လို့မရပါဘူး။
စာ ရေးသူတို့ငယ်ငယ်က မောင်နှမတွေများတော့ မိခင်က ခဏခဏဆုံးမတဲ့စကားလေး ကိုခုထိမှတ်မိနေပါတယ်။
အဲဒီအတိုင်းစာရေးသူရဲ့ဘ၀မှာကျင့်သုံးပါတယ်။ စားစရာ သောက်စရာ များကိုစားတဲ့အခါမှာ အားလုံးကိုတော့ထည့်ပေးထားပြီး
`ရှေ့လူ နောက်လူကြည့်စား ´တဲ့။ စာရေးသူတို့တစ်တွေရှေ့လူနောက်လူတွေအတွက် ချန် ကြရမှာပါ။
ဥပမာ ရေဖူလုံဖို့ ၊ စားနပ်ရိက္ခာဖူလုံဖို့၊ သဘာဝပတ်ဝန်းကျင်ကြီး ညီ ညွတ်မျှတဖို့ စသည်တို့ကို
အကောင်းဆုံးအနေအထားဖြစ်အောင်ဖန်တီးတည် ဆောက်ပေးကြရပါမယ်။ လက်ဆင့်ကမ်းတယ်ဆိုတာကိုလည်း
ကိုယ်ချင်းစာတရား နဲ့ဆင်ချဉ်ပြီး လုပ်ဆောင်ကြဖို့တိုက်တွန်းလိုက်ပါရစေဗျာ။
နေ၀င်းဇော်(မြန်အောင်)
No comments:
Post a Comment