ထိုင်နေကြလက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်တယ်။ အပေါင်းအသင်းကလည်းများများစားစားမရှိတော့အချိန်မှန်ဒီအချိန်ကိုပဲထိုင်ဖြစ်ကြ
သည်။စားပွဲထိုးလေးက` ဘာသောက်မလဲဆရာလို့´မေးလာသည်။ သောက်နေကြအတိုင်းပေါ့ဆိမ့်တစ်ခွက်မှာလိုက်သည်။လက်
ဖက်ရည်ကနေ့တိုင်းသောက်နေကြမို့သောက်တာရယ်
အပေါင်းအသင်းတွေကြောင့်ရယ် ဒီလက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်တာပါ။ ခဏနေတော့မိတ်ဆွေတစ်ယောက်ရောက်လာသည်။ မိတ်ဆွေကရင်းနှီးတာမကြာသေးဘူး။ ထပ်ပြီးတော့
အသိတစ်ယောက် ရောက်လာသည်။ ၀ိုင်းကစိုပြည်သွားသည်။ စကားတွေက ဟိုရောက်ဒီရောက်ပြောဖြစ်ကြသည်။ မြို့အကြောင်း၊ နိုင်ငံရေးအ ကြောင်း၊ စီးပွားရေးအကြောင်း
၊ လူမှုရေးအကြောင်းတွေအစုံဖြစ်သည်။ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေပါ။ လက်ဖက်ရည်ဆိုင်စကားဝိုင်းက
အရှိန်ရလာသည်။
စာပေအကြောင်း၊ ကိုယ့်မြို့မှာလုပ်သွားတဲ့စာပေဟောပြောပွဲအကြောင်းလည်းပါသည်။ အနီးစပ်ဆုံးစာပေဟောပြောပွဲအကြောင်း ရောက်သွားသည်။
စာရေးဆရာသုံးရောက်လာဟောပြောသွားကြသည်။ ဆရာတွေကနာမည်ကြီးစာရေးဆရာတွေဖြစ်သည်။ စကား ပြောရာမှာလည်း
တစ်ဖက်သားကိုညှို့ယူဖမ်းစားနိုင်ကြသည်။ လေယူလေသိမ်းကအစပေါ့။ စာရေးသူက စာပေဟောပြောပွဲသွားနား
ထောင်တဲ့အကြောင်းကို စကားစလိုက်သည်။ကျန်တဲ့မိတ်ဆွေတွေက ဘယ်ဆရာကဘာအကြောင်းဟောသွားသည်။ ကောင်းတယ် မကောင်းဘူးပေါ့။ သမိုင်းကြောင်းကိုပိုင်ပိုင်နိုင်နိုင်ဟောသွားတဲ့စာရေးဆရာကလည်း သမိုင်းကိုတကယ်ပိုင်နိုင်စွာဟောပြောသွား သည်။
စာရေးသူပြောခန်းမရောက်ပါ။ မိတ်ဆွေတွေပြောတာကိုသာနားထောင်လိုက်ရသည်။ လက်ပန်းတောင်းတောင်ကြေးနီစီမံ ကိန်းအကြောင်း၊ တရုတ်ကဘယ်လောက်မြန်မာပြည်ကို ဂုတ်သွေးစုပ်ထားကြောင်း၊
ဆရာပြောမှအားလုံးသိရကြောင်း၊ ဆရာက ဗဟုသုတတော်တော်စုံကြောင်းတွေကို
အာပေါင်အာရင်းသန်သန် ပြောကြသည်။ ဆရာတွေဟောပြောကြတဲ့အထဲမှာ ဘားရက်အို ဘားမား အကြောင်းလည်းပါသည်။ ဘားရက်အိုဘားမားက မြန်မာပြည်ကိုတော်တော်လေးတိုးတက်စေချင်ကြောင်းတွေလည်းပါ
သည်။ ဘားရက်အိုဘားမားတော်ကြောင်း၊ မြန်မာပြည်အတွက်အလားအလာကောင်းကြောင်းတွေလည်းပါသည်။
ဘားရက်အိုဘားမားက မြန်မာပြည်ကိုတော်တော်ချစ်ပါလားလို့တောင်စာရေးသူအတွေးဝင်မိသည်။
စာရေးသူတစ်ခုစဉ်းစားမိသည်။ စာရေးသူတို့အိမ်သားများကောင်းစားရေးကို အိမ်ဘေးကမိသားစုကလိုလားသည်မှာ
ဖြစ်နိုင်စရာရှိပါ့မလားလို့ပါ။ စာရေးဆရာတွေ ဟောပြောနေကြ ခေတ်စားနေတဲ့လူတွေအကြောင်းလည်းပါသည်။
စာရေးသူနားထောင်နေပါသည်။ ဆရာတွေကမိမိတို့ကို သမ္မတ လုပ်ခိုင်းရင်တောင်မလုပ်နိုင်ကြောင်း၊
မိမိတို့တိုင်းပြည်တိုးတက်အောင်လုပ်ဆောင်တဲ့နေရာမှာ စာရေးဆရာတွေကမှန်တာကို ထောက်ပြရမှာပေါ့ဆိုတာတွေလည်းပါသည်။
သမ္မတကြီးက ဘာတွေလုပ်နေတာလဲ မကောင်းဘူး။ ဘယ်ဝန်ကြီးလုပ်တာတွေက ပြည်သူလူထုမျက်နှာကိုမကြည့်ဘူး။
ပညာရေးက နိုင်ငံခြားတိုင်းပြည်တွေထက်နောက်ကျနေကြောင်းတွေလည်းပါသည်။ ကျန်းမာ ရေးကဏ္ဍကိုလည်းအတိုင်းအတာတစ်ခုအထိလုပ်ဆောင်ချက်တွေပြောင်းဖို့လိုကြောင်းတွေလည်းစုံလို့ပါ။ နားထောင်ရတာတော် တော်ကောင်းပါသည်။စာရေးသူရဲ့ မိတ်ဆွေတွေကလည်း
ပညာတတ်လူတန်းစားတွေဆိုတော့သူတို့အမြင်တွေကိုလည်းထည့်ဆွေး နွေးကြသည်။ စကားဝိုင်းက တစ်ဖြည်းဖြည်းအရှိန်ရလာသည်။
အရှိန်ရလာတဲ့စကားဝိုင်းက အစိုးရမကောင်းကြောင်းတွေက မပါမဖြစ်ပါလာသည်။
တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့သူတွေကောင်းတာမ ကောင်းတာက ဝေဖန်မယ်ဆိုရင်ပြည်သူကတင်မြှောက်ထားတဲ့အစိုးရဆိုတော့
ပြည်သူတွေနဲ့ အနည်းငယ်တော့သက်ဆိုင်သည်။ ပြည်သူတွေကတင်မြှောက်ထားတာဖြစ်သည်။
မကောင်းဘူးဆိုရင်ဘယ်နေရာမှာလိုအပ်နေတာလဲ
မိမိတို့တင်ပေးထားတဲ့လွှတ် တော်ကိုယ်စားလှယ်တွေရှိတယ်။ သူတို့ကတဆင့်တရားဝင်တင်ပြပြီးလုပ်ဆောင်ကြဖို့လိုမယ်လို့စာရေးသူကပြောတော့ မိတ်ဆွေ များက စာရေးသူကိုမင်းကအစိုးဖက်ကလူလားလို့ဝိုင်းမေးကြပါသည်။
စာရေးသူက သူတို့မေးခွန်းကိုဖြေရာမှာ ခုဆိုရင်လွှတ်တော်ရယ်
၊ အုပ်ချုပ်ရေးရယ်၊ တရားရေးရယ်ဆိုပြီး မဏ္ဍိုင်ကြီးသုံးရပ်နဲ့တိုင်း
ပြည်ကိုဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်နေတာကို သိကြမှာပါ။ နောက် စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာကိုလည်း လွတ်လပ်ခွင့်တွေကို လည်းပေးထားပြီးဖြစ်သည်။ သမ္မတကြီးကလည်း
ပြည်သူတွေအသံကိုနားထောင်ပြီး မထားသင့်ဘူးဆိုတဲ့
သူတွေကို အနားပေးတာ တို့စစ်ဆေးတာတို့လုပ်နေတာလည်းအားလုံးအမြင်ဖြစ်သည်။ ဒါဆိုရင်အစိုးရလုပ်တာကို
ပြည်သူတွေကလည်းတစ်ဖက်တစ်လမ်း ကကူညီသင့်တာပေါ့လို့စာရေးသူပြောဖြစ်သည်။
ဆက်ပြီးစာရေးဆရာများအကြောင်းကိုဆက်ပြောဖြစ်သည်။ စကားဝိုင်းက
တစ်မျိုးဖြစ်သွားမှာစိုးလို့ပါဟုပြောလိုက်ရသည်။
စာရေး သူငယ်စဉ် (၉)တန်းနှစ်လောက်က မြို့ကိုစာရေးဆရာတွေလာပြီး ဟောပြောပွဲလုပ်တာကိုသွားပြီးနားထောင်ဖူးသည်။ သုတရသစုံ စွာဆရာများက ဟောပြောသွားသည်။ နားထောင်ရတာ
ဗဟုသုတတွေ စိတ်ခွန်အားတွေတော်တော်ရခဲ့ရပါသည်။ ကျောင်းသားတွေ ဆိုရင်လည်း ပညာတွေတတ်အောင်သင်ဖို့စာအုပ်စာပေတွေဖတ်ဖို့လမ်းညွှန်သွားကြတာတွေကိုနားထောင်ရသည်။ နိုင်ငံတစ်ကာ မှာဘယ်လိုတွေပညာရေးကိုလုပ်နေကြောင်း၊
နည်းပညာတွေတိုးတက်နေသဖြင့် ထိုနည်းပညာတွေနောက်လိုက်နိုင် အောင်ကြိုးစား ရမည်ဖြစ်ကြောင်း သုတတွေတော်တော်စုံစုံလင်လင်ရရှိခဲ့ပါသည်။
နှလုံးသားကို အဟာရဖြစ်စေသည့် စိတ်ကိုနူးညံ့သိမ်မွေ့စေသည့် ရသစာပေများကိုဖတ်ဖို့၊ ရသစာပေတွေကိုလေ့လာလိုက်စားမှရိုးရာယဉ်ကျေးမှုတွေကိုထိန်းသိမ်းနိုင်မယ်ဆိုတဲ့အကြောင်းအရာတွေ
လည်းပါသည်။ လက်ခုပ်တီးတာတော့နည်းသည်။ ဒါပေမဲ့လက်ခုပ်သံထက်တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေကို
စာချစ်သူများထံမှဆရာ များရသွားသည်ကတော့ ပြောပြစရာတောင်လိုမည်မထင်ပါ။
ယခုနောက်ပိုင်းဟောပြောပွဲလုပ်ကြတာကို လာဟောပြောကြတဲ့ဆရာတွေထဲမှာ
ဆရာလယ်တွင်းသားစောချစ်၊ ဆရာနေ၀င်းမြင့်၊
ဆရာချစ်ဦးညို၊ ဆရာဦးအောင်သင်းနဲ့ခုနောက်ပိုင်းလူငယ်စာရေးဆရာများဖြစ်တဲ့ ဆရာလင်းသိုက်ညွန့်၊ ဆရာဖူးကျော်ဇင်စသည့် တို့လောက်သာသုတရသစာပေများကိုကြားရတော့သည်။
တစ်ချို့စာရေးဆရာများမှာ နိုင်ငံရေးအကြောင်း၊ အစိုးရမကောင်း ကြောင်းတို့ကိုသာဟောပြောပြီး
ပရိသတ်ရဲ့လက်ခုပ်သံတွေကိုခံယူနေကြတာတွေ့သည်။
ဥပမာ မီးမလာသည့်အကြောင်းဟော ပြောသည်ဆိုပါတော့ ဘယ်လိုကြောင်းမီးမလာသည် နိုင်ငံတော်ရဲ့လိုအပ်ချက်တွေကဘာတွေ၊ ဘယ်လိုတွေလုပ်ရင်ကောင်းမည်၊ နိုင်ငံတစ်ကာမှာဘယ်လိုတွေ
လျှပ်စစ်မီးကိုရရှိအောင်သုံးစွဲနေသည်။ လေ့လာသင့်သည်၊ ရင်းနှီးမြုပ်နှံသင့်သည်။ စသည်ဖြင့် ထောက်ပြကာဆွေးနွေးဟောပြောလျှင်ကောင်းမည်။
ခုတော့အစိုးရမကောင်းကြောင်းကိုပယ်ပယ်နယ်နယ်ဟောပြောသည်။ ပရိ သတ်ဆီကလုပ်ခုပ်သံကိုအားရပါးရယူသွားသည်။ ဘာတစ်ခုမှပြန်မပေးခဲ့ပါ။ အဲဒါအပြင်လမ်းပေါ်ထွက်ဆန္ဒပြအောင်လုပ်သွား သေးသည်။
ဇာတ်သဘင်လောကကြီး တွင်ပြောနေကြစကားလေးရှိပါသည်။
ဇာတ်သမားပြန်ရင်မှတ်သားစရာကျန်ခဲ့သည်တဲ့။ ခု တော့ဆရာတွေပြန်သွားသည်။ ကျန်ခဲ့တာတော့ဝေဒနာတွေဖြစ်သည်။ တို့မြန်မာပြည်ကြီးတော်တော်လေးခေတ်နောက်ကျနေပါ့
လားလို့ဖြစ်သွားပြီးစိတ်ဓာတ်ကျသွားသည်။ ခေတ်နောက်ကျတဲ့အတူတူမထူးပါဘူးကွာ ပြန်အိပ်နေတာပဲကောင်းပါတယ်ဆိုတဲ့ အတွေးလေးတွေသာဝင်ကျန်ခဲ့ကြပါသည်။
စာရေးဆရာဆိုတာ သမိုင်းကိုသယ်ဆောင်ကြတဲ့ သူများဖြစ်သည်။ အရင်တုန်းကရေးခဲ့ တာတွေကို နောက်လူများအဆက်မပြတ်သိအောင်ဆက်လုပ်ပေးနေသော
ပေါင်းကူးတံတားများဆိုရင်လည်းမမှားနိုင်ပါ။ သူတို့တွေ ကလမ်းပြကြယ်ကောင်းတွေဖြစ်ဖို့လိုပါသည်။
အဲဒီလို့တွေကို စာရေးသူကပြောတော့ စကားဝိုင်းကတော်တော်လေးငြိမ်သွားသည်။ စာရေးသူကိုမိတ်ဆွေများက
မကျေနပ်ကြပါ။ စာရေးသူဘယ်လိုမှမတတ်နိုင်ပါ။ စာရေးသူမှာလည်း စာရေးသူအမြင်ကိုပြောခွင့်ရှိပါ သည်။ အစိုးရကို
မကောင်းဘူးလို့ပြောတဲ့သူတွေရှိသလို ကောင်းတယ်လို့ပြောတဲ့သူတွေရှိသည်။ အဲဒီအထဲမှာ စာရေးသူတစ်ဖက်
ဖက်ကတော့ပါမှာပါ။
စာရေးသူကိုမိတ်ဆွေများက မင်းကအစိုးဖက်က လိုက်ပြောနေတယ်လို့ပြောသည်။ အစိုးရသည်စာရေးသူတစ်ယောက်ထဲရဲ့အစိုး ရမဟုတ်ပါ။
ပြည်သူအားလုံးရဲ့အစိုးရဖြစ်သည်။ အစိုးရ၏ပျော့ကွက်ဟာကွက်များကိုထောက်ပြရာမှာလည်း ဥပဒေကြောင်းအရ ထောက်ပြတာမျိုးပဲဖြစ်စေချင်သည်။
နောက်တစ်ခုက တိုင်းပြည်ကိုအုပ်ချုပ်ရမှ ပြည်သူတွေအတွက်လုပ်ပေးလို့ရသည်ဟုထင်သည့် လူများလည်းရှိသေးသည်။
ဒါတွေသည် တကယ်တော့မဟုတ်ဘူးလို့ထင်ပါသည်။ တိုင်းပြည်တိုးတက်ဖို့ဆိုရင် ဘယ်နေရာကပဲဖြစ် ဖြစ်မိမိတို့ဘာတွေကူလုပ်ပေးနိုင်မလဲ၊
ဘာတွေလုပ်ပေးလို့ရမလဲ၊ လုပ်ပေးလို့ရတဲ့နေရာကနေ
လုပ်ပေးတာမကောင်းတာဘူးလား ဗျာ။ စာရေးသူဟောပြောပွဲများကြိုက်နှစ်သက်ပါသည်။
ဟောပြောပွဲတွေမှာတိုင်းပြည်တိုးတက်အောင်ဘာတွေလုပ်သင့်သလဲ၊
လူငယ်တွေဘ၀အောင်မြင်ဖို့ဘာတွေလုပ်ရမလဲ၊ နိုင်ငံတစ်
ကာနဲ့ယှဉ်တဲ့အသိတွေ၊ပညာတွေ၊ ဗဟုသုတတွေကိုဟောပြောပေးကြပါ။ စာရေးသူစာရေးသည့်အဆင့်သည့် စာရေးဆရာကြီးများ ကိုမယှဉ်နိုင်ပါ။ သို့သော်စာရေးသူသည်
စာတွေကိုတတ်နိုင်သလောက်ကြိုးစားရေးရင်း တိုင်းပြည်ကိုကိုယ်တတ်နိုင်သလောက်အ
ကျိုးပြုရင်း စာရေးဆရာကြီးများရဲ့ သုတရသစာပေများကိုတောင့်တနေမိပါတော့သည်။
နေ၀င်းဇော် (မြန်အောင်)
No comments:
Post a Comment